နှစ်၃၀ကြာ သိုဝှက်ထားသည့် အလောင်း ရှာဖွေတွေ့ရှိ

alt

ဗြိတိန် ရဲတပ်ဖွဲ့သည် မေလ (၂၇) ရက် နေ့က နှစ်ပေါင်း (၃၀) နီးပါး ရေခဲ သေတ္တာထဲတွင် ထည့်သွင်းထားသည့် အလောင်း တလောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ကြသည်။

အီရန် နိုင်ငံဖွား အမျိုးသမီးကြီး ဂါဘီး ဖရီဒန်မာဇန်း သည် (၁၉၀၁) ခုနှစ်က မွေးဖွား ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် (၂၉) နှစ်က ကွယ်လွန်ခဲ့သော်လည်း သမီး ဖြစ်သူက အလောင်းအား နေအိမ် ကား ဂိုဒေါင် ရှိ ရေခဲ သေတ္တာထဲတွင် သိုဝှက် ထား ခဲ့သည်။

ယခုအခါ အသက် (၈၃) နှစ် ရှိနေပြီဖြစ်သော ဒေါလတ်အီရာနီ သည် မိခင်ကြီး ၏ ဗြိတိန် နိုင်ငံ တွင် တရားမဝင် နေထိုင်မှုကို ကွယ်ဝှက် ထားလို သဖြင့် ယခုလို ရေခဲသေတ္တာ အတွင်း အလောင်းကို ၀ှက်ထား ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ခဲ့သည်။

အလောင်းတွင် မသင်္ကာဖွယ်ရာ ဒဏ်ရာများ မရှိသဖြင့် သာမန် သေဆုံးမှု တစ်ခုသာ ဖြစ်ကြောင်း ရဲများ က ကောက်ချက်ချထားသည်။ ၎င်းတို့သည် ဒေါလတ်အား မေးမြန်းမှုများ ပြုလုပ် နေသော်လည်း ခင်ပွန်းမရှိ၊ သားသမီး မရှိသော အထီးကျန် အမယ်အိုက မည်သည့် မေးခွန်းကိုမျှ ဖြေကြား ခြင်း မရှိပေ။

အိမ်နီးချင်းများ သည် ၎င်းတို့ အိမ် အနီး နှစ်ပေါင်း များစွာ ကြာမြင့်နေပြီ ဖြစ်သည့် အလောင်းကြီး ရှိနေမှန်း သိရှိသောအခါ ထိတ်လန့် အံ့ဩ နေကြောင်း ရဲများ က ပြောကြား ခဲ့သည်။ လွန်ခဲ့သော (၂၃)နှစ်က ထိုအိမ်တွင်ပင် ကွယ်လွန်ခဲ့သည့် ဒေါလတ်၏ အစ်မအတွက် သူနာပြု အဖြစ် လာရောက် ဆောင်ရွက် ပေးသော အမျိုးသမီးကြီး ကလည်း ထိုအလောင်းကြီး အိမ် ထဲ တွင် ရှိနေသည် ကို မသိခဲ့ကြောင်း ၀န်ခံ ခဲ့သည်။

ဒေါလတ် အား စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ် သွားမည် ဟု ဗြိတိန် ရဲတပ်ဖွဲ့က ပြောကြား လိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here