လူ ကို သေစေသည့် ဗိုင်းရပ်စ်ပိုးသစ် အာဖရိကတွင် တွေ့ရှိ

alt

အာဖရိက တိုက်တွင် လူကို သေစေသည်အထိ ပြင်းထန်သော ဗိုင်းရပ်စ်ပိုး အသစ်တမျိုးကို တွေ့ရှိခဲ့ကြောင်း သိပ္ပံပညာရှင်များက ကြေညာလိုက်သည်။

နာမည်ကျော် အီဘိုလာ ဗိုင်းရပ်စ်ကဲ့သို့ပင် ခန္ဓာကိုယ်ပြင်ပ သွေးယိုစီးမှုများ ဖြစ်ပေါ်စေသည့် အဆိုပါ ဗိုင်းရပ်စ်ကို လူဂျိုဟု အမည်ပေးထားပြီး ယခုအခါ ဇမ်ဘီယာ နှင့် တောင်အာဖရိက မှ လူ(၅)ဦးသည် ထိုဗိုင်းရပ်စ် ကူးစက်မှုကို ခံခဲ့ရပြီး (၄)ဦးမှာ သေဆုံးသွားပြီ ဖြစ်သည်။

ကျန်(၁)ဦးအား အသက်ဆက်ရှင်စေရန် ပညာရှင်များက ဆေးဝါးများဖြင့် စမ်းသပ်ကုသ အသုံးပြုပြီး အသည်းအသန် ကြိုးစားနေရဆဲ ဖြစ်သည်။ သို့ရာတွင် ထို(၅)ဦး အနက် မည်သူမှာ ပထမဆုံး ရောဂါကူးစက် ခံရသူ ဖြစ်ကြောင်းနှင့် ဗိုင်းရပ်စ်၏ မူလဇစ်မြစ်မှာ မည်သည့်နေရာမှ ဖြစ်ကြောင်း မဖော်ထုတ်နိုင်သေးပါဟု ကိုလံဘီယာ တက္ကသိုလ်မှ ဒေါက်တာ အီယန်လစ်ကင် က ၀န်ခံလိုက်သည်။

ဗိုင်းရပ်စ်သည် အလွန်ပြင်းထန်ကြောင်း ဒေါက်တာလစ်ကင်က ဆိုသည်။ မေလ(၂၈) ရက်နေ့ကမှ အတည်ပြုနိုင်ခဲ့သော လူဂျိုသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ကတည်းကပင် ပြန့်နှံ့နေခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။ သေဆုံးသူများ အနက်မှ (၃)ဦးသည် ဂျိုဟန်နက်စဘက်မြို့ မှဖြစ်ကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here