Mango အမျိုးသမီးအဝတ်အထည် ကုမ္မဏီ စကားလက် ဂျိုဟန်ဆန် နှင့် လက်တွဲ

alt

စပိန် နိုင်ငံ ဘာစီလိုနာ မြို့တွင် အခြေစိုက်သော အမျိုးသမီး အဝတ်အထည် ကုမ္မဏီကြီး Mango က ၎င်းတို့၏ စံပြမယ်အဖြစ် စကားလက် ဂျိုဟန်ဆန် အား ငှားရမ်း လိုက်ကြောင်း သိရသည်။

ဟောလီးဝုဒ် နာမည်ကျော် မင်းသမီးလေး က Mango နှင့် လက်တွဲ လုပ်ဆောင်ရမှုကို အတည်ပြုလိုက်ပြီး သူမသည် Mango ၏ ယခင် စံပြမယ် ပန်နီ လုပ်ခရုစ် ၏နေရာ အစားထိုး လိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပင်နီလုပ် သည် စကားလက် နှင့်အတူ Vicky Cristina Barcelona ဇာတ်ကားတွင် ပါ၀င် သရုပ်ဆောင်ထားပြီး မကြာသေးမီကမှ Mango နှင့် ချုပ်ဆိုထားသော (၄)နှစ် သက်တမ်းစာချုပ် ကုန်ဆုံးခဲ့သူဖြစ်သည်။ စကားလက် နှင့် သဘောတူညီမှု ရရှိခဲ့ခြင်းကြောင့် Mango အနေနှင့် ငယ်ရွယ်သော အမျိုးသမီးလေးများကို ပိုမို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း အဆိုပါ ကုမ္မဏီက ကြေညာသည်။

Mango သည် နာမည်ကျော် Celebrity များအား ၎င်းတို့၏ စံပြမယ်အဖြစ် ငှားရမ်းခဲ့သည့် အစဉ်အလာရှိပြီး မီလာဂျိုဗိုဗစ်၊ နာအိုမီကင်းဘဲ၊ လစ်ဇီဂျာဂါ၊ အီဗာဇီဂိုးဗား နှင့် ကလော်ဒီရှက်ဖား စသည်တို့ကို စံပြမယ်အဖြစ် အသုံးပြုခဲ့ဖူးသည်။

စကားလက်သည် ယခုအခါတွင် (၂၀၀၉) ခုနှစ် အတွက် Mango ၏ ဆောင်းရာသီဝတ်စုံကို ကြော်ငြာပေးရန် ဓာတ်ပုံ ရိုက်ကူးထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here