အပျက်, အပျက်နှင့် နှာခေါင်းသွေးထွက်ရသည့် ခရစ်ဘရောင်း နှင့် ရီဟာနာ

alt

ချစ်သူဟောင်းများ ဖြစ်သော ရီဟာနာ နှင့် ခရစ်ဘရောင်း တို့သည် လာမည့် ဇွန်လ အတွင်း လော့စ်အိန်ဂျယ်လိစ် တရားရုံးတော်တွင် အမှု ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရှိရသည်။

ဘရောင်း သည် ရီဟာနာ အား ထိခိုက်အနာတရ ဖြစ်အောင်  ရိုက်နှက်ခဲ့မှု အတွက် တရားစွဲဆို ခံထားရသလို ၎င်းတို့နှစ်ဦး၏ အချစ်ရေး မှာလည်း ပြတ်တောက် သွားခဲ့ရပြီ ဖြစ်သည်။

ဘရောင်း အား ရုံးတော်က ကနဦး ကြားနာမှုများ ပြုလုပ်ထားပြီး ဖြစ်သလို ယခုအခါတွင် ရီဟာနာ နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံ ကြားနာရန် ဆုံးဖြတ် လိုက်ပြီဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ဇွန်လ(၂၂) ရက်နေ့တွင် တရားရုံး အတွင်း တွေ့ဆုံရမည် ဖြစ်သည်။

ဖေဖော်ဝါရီလ အတွင်းက ဂရမ်မီဆုပေးပွဲ မတိုင်မီတွင် ရီဟာနာအား ဘရောင်းက ရိုက်နှက်ခဲ့ရာ ရီဟာနာ၏ မျက်နှာတွင် ဆိုးဆိုးရွားရွား ဒဏ်ရာများ ရရှိခဲ့သည်ကို ထိုစဉ်က မီဒီယာများက အသားပေး ဖော်ပြခဲ့ကြရာမှ ရုံးတော် တက်ရသည်အထိ ၂ဖက်သားအကြား ကြီးမားစွာ အဖုအထစ် ဖြစ်ခဲ့ရသည်။

ဇွန်လတွင် ၎င်းတို့နှစ်ဦး မျက်နှာချင်းဆိုင် ရင်ဆိုင်ဖြေရှင်းရန် တရားရုံးတော်က မေလ(၂၇) ရက်နေ့က အတည်ပြု ဆုံးဖြတ်လိုက်သည်။ ထိုနေ့က တရားခွင်တွင် ဘရောင်းက ၎င်းအား လူအများက လူရမ်းကား ဆိုးသွမ်းသူကြီး အဖြစ် ထင်နေကြသည်ကို စိတ်ပျက်မိကြောင်း တရားသူကြီးထံ လျှောက်လဲသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here