အီရန် ဗလီ ဗုံးခွဲမှု အမေရိကန် ကြိုးကိုင် ခဲ့ဟု စွပ်စွဲ

alt

အီရန် အစိုးရ ထိပ်တန်း ပုဂ္ဂိုလ် တစ်ဦးက နိုင်ငံ၏ အရှေ့တောင်ပိုင်း ရှိ ဗလီ တစ်ခု တွင် ဖြစ်ပွား ခဲ့သော ဗုံးခွဲမှုအား အမေရိကန် နိုင်ငံ က ကြိုးကိုင် ခဲ့ကြောင်း စွပ်စွဲ လိုက်သည်။

မေလ (၂၈) ရက်နေ့က လူ (၂၅) ဦး သေဆုံးပြီး (၁၂၅) ဦး ဒဏ်ရာ ရရှိ စေခဲ့သည့် ဇာဟီဒန် ဗလီ ဗုံးခွဲမှု အတွက် အမေရိကန် က ဗုံးခွဲမည့် သူများ ကို အခ ကြေးငွေပေးပြီး ငှားရမ်း ခဲ့ခြင်း ဖြစ်ကြောင်း ဆစ်စတန် ဘလူချစ်စတန် ဒေသ ဒုတိယ အုပ်ချုပ်ရေးမှူး ဂျာလယ်ဆေယာ က စွပ်စွဲ လိုက်ခြင်း ဖြစ်သည်။

၎င်းက Fars သတင်းဌာနသို့ ပြောကြား ခဲ့ရာတွင် လူနေ ထူထပ်သော ဗလီဝတ်ကျောင်း အား တိုက်ခိုက်ခဲ့မှု အတွက် အမေရိကန် က အကြမ်းဖက် သမားများအား တဖက်လှည့်၍ အသုံးချ ခဲ့ကြောင်း ပြောကြား လိုက်သည်။

အဆိုပါ ပေါက်ကွဲမှု အား ရဲများက စုံစမ်းနေဆဲ ဖြစ်ပြီး မည်သည့် အသင်းအဖွဲ့ ကမှ ထိုဗုံးခွဲမှုအား ပြုလုပ်ခဲ့သည်ဟု ထုတ်ဖော်ဝန်ခံမှု မရှိခဲ့သေးချေ။ ယခင်က အီရန်တွင် ဖြစ်ပွားခဲ့သော ဗုံးခွဲမှုများကို ဆွန်နီ မွတ်ဆလင်များ ကျူးလွန်ကြောင်းသာ ပြစ်တင် ပြောကြားလေ့ရှိရာ၊ ထို့အတူ အမေရိကန်၊ ဗြိတိန်နှင့် အခြားသော ဥရောပ နိုင်ငံများသည်လည်း အီရန်နိုင်ငံ အတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာအောင် အကြမ်းဖက် သမားများကို အသုံးချလေ့ရှိကြောင်း အီရန် အစိုးရက မကြာခဏ ဝေဖန် ပြစ်တင်လေ့ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here