တောင် နှင့် မြောက်ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေး တင်းမာနေ

alt

တောင် နှင့် မြောက် ကိုရီးယား (၂) နိုင်ငံအကြား တင်းမာမှုများ မြင့်တက် လာပြီး နောက် ကိုရီးယား နှစ်နိုင်ငံ ကြား ရေပိုင်နက် တွင် ငါးဖမ်း လုပ်ငန်း ဆောင်ရွက် နေသော တရုတ် ငါးဖမ်း ရေယာဉ်များ သည် မေလ (၂၉) ရက်နေ့က ထို ရေပိုင်နက်များ မှ ထွက်ခွာ သွားကြပြီ ဖြစ်သည်။

သို့သော်လည်း အမေရိကန် ကာကွယ်ရေး ဌာန အတွင်းရေးမှူး ရောဘတ်ဂိတ် ကမူ လက်ရှိ အနေအထားအရ ခေတ်သစ် ကိုရီးယား စစ်ပွဲ ဖြစ်လာစရာ မရှိသေးကြောင်း ငြင်းဆန် ထားသည်။

ဂိတ်အနေနှင့် ကိုရီးယား နှစ်နိုင်ငံကြား အရှုပ်အထွေး အသစ်များ မပေါ်ပေါက် နိုင်ကြောင်း ကာကွယ် ပြောဆို ထားသည့်တိုင် နှစ်နိုင်ငံ စစ်တပ်များ ခြေရှုပ်နေမှုနှင့် အတူ ကမာ္ဘ့နိုင်ငံ အသီးသီး ၏ စိုးရိမ်မှု မှာလည်း မြင့်တက် လာခဲ့သည်။

မြောက် ကိုရီးယား နိုင်ငံသည် (၁၉၅၃) ခုနှစ် ကတည်းက သဘောတူ ကျင့်သုံး ခဲ့သည့် ကိုရီးယား နှစ်နိုင်ငံ မကျူးကျော်ရေး သဘောတူညီချက် ကို လက်မခံ နိုင်တော့ကြောင်း ပြောင်ပြောင်တင်းတင်း ကြေညာ လိုက်ပြီးနောက် တောင် ကိုရီးယားကလည်း နိုင်ငံအတွင်းရှိ တောင်ကိုရီးယား နှင့် အမေရိကန် စစ်တပ်များကို အသင့်အနေအထား ပြင်ဆင်ထားကြရန် နှိုးဆော် ထားသည်။

ထို့အပြင် တောင်ကိုရီးယား ရေပိုင်နက် အတွင်းရှိ မြောက်ကိုရီးယား နှင့် နီးကပ်နေသော ကျွန်းများတွင် လည်း ရေတပ်သင်္ဘောများ ပို့လွှတ်ပြီး ကင်းလှည့်မှုများ ဆောင်ရွက်ရန် စစ်ဦးစီးများက အမိန့် ပေးထားသည်။ တောင်ကိုရီးယား အစိုးရက နှစ်နိုင်ငံ ရေပိုင်နက် ထိစပ်နေရာ ဒေသ အနီးရှိ ယုံပြွန်းကျွန်းမှ ဒါဇင်နှင့်ချီသော တရုတ်ငါးဖမ်း သင်္ဘောများ ပြန်လည် ထွက်ခွာ သွားကြောင်း အတည်ပြု ကြေညာ လိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here