မိုက္ကခရိုဆော့ က ဂူဂယ်ကို ယှဉ်ပြိုင်မည့် Bing Search အင်ဂျင်

alt

Microsoft ကော်ပိုရေးရှင်းသည် နာမည်ကျော် Search Engine ဖြစ်သည့် Google နှင့် အခြား Searching ၀ဘ်ဆိုဒ်များကို ယှဉ်ပြိုင်ရန် အတွက် Bing ကို စတင် အကောင်အထည် ဖော်နေပြီဖြစ်သည်။

အဆိုပါ Search Engine အသစ် Bing အနေနှင့် Micosoft ၏ လက်ရှိ Search Engine များဖြစ်သော MSN နှင့် Live တို့ထက် ပိုမိုအောင်မြင်မည်ဟု ကော်ပိုရေးရှင်းက မျှော်လင့်နေသည်။

ကမာ္ဘပေါ်တွင် အသုံးပြုနေသော Search Engine များသည် မေးခွန်းများ၏ (၆၀) ရာခိုင်နှုန်းထိ မဖြေနိုင်သော်လည်း Bing သည် မေးခွန်းများ၏ (၅၀) ရာခိုင်နှုန်းကို ကောင်းစွာ ဖြေကြားနိုင်မည်ဟု Microsoft ကဆိုသည်။

Bing ကို တီထွင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အင်တာနက်တွင် ရှာဖွေမှု ပြုလုပ်လိုသူများ အနေနှင့် အမှန်တကယ် သိလိုသော အချက်များကို Search Result များ ဖောင်းပွမှု မရှိဘဲ အလွယ်တကူ တွေ့ရှိစေရန် ဖြစ်ကြောင်း Microsoft က ပြောကြားခဲ့သည်။

ထို့အပြင် Search Engine အတော်များများသည် History များကို ရှာဖွေပေးရာတွင် မှားယွင်း နေမှုများကိုလည်း ပြုပြင်ထားကြောင်း Microsoft ကဆိုသည်။ ယခုအချိန်တွင် Bing မှာ စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိသေးသော်လည်း ရလဒ်ပိုင်းတွင်မူ ကျေနပ်ဖွယ် အနေအထားရှိနေကြောင်း Microsoft က ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here