အသက် ၂၉ နှစ်မှာ ခလေး နှစ်ဆယ်ကျော်ရသည့် ဖခင်

alt

အသက်(၂၉) နှစ်အရွယ်နှင့် ခလေး (၂၁) ယောက် ရရှိခဲ့သည့် အမျိုးသား(၁) ဦးကို အမေရိကန်တွင် ဖော်ထုတ် နိုင်ခဲ့သည်။

တင်နက်ဆီ ပြည်နယ် အုပ်ချုပ်ရေး အရာရှိများ သည် ခလေးများ အတွက် စရိတ် မထောက်ပံ့မှုဖြင့် ဒက်စမွန်ဟက်ချက် ကို ရုံးတော်သို့ ဆင့်ခေါ်ခဲ့သည်။ ၎င်းသည် အဆိုပါ ခလေးများကို အမျိုးသမီး (၁၁) ဦးနှင့် ရရှိခဲ့ခြင်းဖြစ်သည်။

၎င်းသည် အမေရိကန်တွင် ခလေး အများဆုံး မွေးဖွားသူအဖြစ် စံချိန်တင်နေသော်လည်း ၎င်းကမူ ဖြစ်လေ့ဖြစ်ထ ရှိတတ်သော အခြေအနေသာ ဖြစ်ကြောင်း ပြောကြားသွားသည်။ ဟက်ချက်က ၎င်းသည် သားသမီးများ အားလုံး၏ အမည်နှင့် အသက်များကို မှတ်မိနေကြောင်း သတင်းထောက်များကို ထပ်လောင်း ပြောကြားသွားသေး၏။

ခလေးများသည် မွေးကင်းစမှ (၁၁)နှစ်အရွယ်အထိ အသီးသီးရှိကြောင်း ဟက်ချက်က ဆိုသည်။ နော့စ်ဗဲလီရှိ တာဝန်ရှိသူများက ၎င်းတို့အနေနှင့် ဟက်ချက်ရရှိသည့် ၀င်ငွေ၏ထက်ဝက်ကို ခလေးများအား ပေးစေရန် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း ထိုသို့ ပြုလုပ်ပါကလည်း ခလေးတစ်ယောက်အား တစ်ပါတ်လျှင် စတာလင်ပေါင် (၁)ပေါင်မျှသာ ရရှိစေမည် ဖြစ်ကြောင်း ၀န်ခံခဲ့သည်။

ယခုအခါ အမေရိကန် အာဏာပိုင်များက ဟက်ချက်နှင့် ပတ်သက်ငြိစွန်းပြီး ခလေးရဖူးသည့် အမျိုးသမီးများအား လာရောက်ဆက်သွယ် အကြောင်းကြားပါရန် ဒေသဆိုင်ရာ ရုပ်မြင်သံကြားမှ တဆင့် ကြေညာထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here