ချဲလ်ဆီးမှ ကွင်းလယ်ကစားသမား ဒေကို အင်တာသို့ ပြောင်းရွေ့မည်

alt

ချဲလ်ဆီး အသင်းမှ ကွင်းလယ် ကစားသမား ဒေကိုက ၎င်းသည် အီတလီ စီးရီးအေ ချန်ပီယံ အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ရန် ညှိနှိုင်းမှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၀န်ခံ ပြောကြားလိုက်သည်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ် ကစားသမားသည် ပေါ်တို နှင့် ဘာစီလိုနာ အသင်းများတွင် အထူး ခြေစွမ်းပြ နိုင်ခဲ့သော်လည်း ချဲလ်ဆီးသို့ ပေါင်(၈)သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ရုန်းကန် နေရသူဖြစ်သည်။

ယခုအခါတွင် ၎င်း၏ ဆရာဟောင်းလည်း ဖြစ်သည့် ဂျို့စ်မော်ရင်ညို ရှိရာ အင်တာမီလန်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားကြောင်း ဒေကိုက အတည်ပြုခဲ့သည်။ အသက်(၃၁)နှစ်ရှိ ဒေကိုအား စိတ်ဝင်စားနေကြောင်း အင်တာမီလန် အသင်းကလည်း ကြေညာထားသည်။

၎င်းတို့ အသင်း၏ ကွင်းလယ်အင်အား ပိုမို တောင့်တင်းလာစေရန် ဒေကိုက ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ထားကြောင်း မော်ရင်ညိုက ပြောကြားခဲ့သည်။ ချဲလ်ဆီး နှင့် အင်တာမီလန် အသင်းတို့သည် ကစားသမား အပြောင်းအရွှေ့တွင် ရင်းနှီးသော ဆက်ဆံမှုများ ရရှိထားပြီး ချဲလ်ဆီးအသင်း မှ ဟာနန် ခရက်စပို သည်လည်း အင်တာသို့ ပြောင်းရွှေ့ခဲဖူးသလို အင်တာအသင်းမှ အက်ဒရီယန် မူတူး နှင့် ရီကာဒို ကွာရက်စမာ တို့သည်လည်း ချဲလ်ဆီးတွင် လာရောက် ကစားခဲ့ဖူးသည်။

မော်ရင်ညိုသည် ဒေကိုအား ပေါင်(၆) သန်းခန့်ဖြင့် ခေါ်ယူနိုင်ရန် မျှော်လင့်လျှက်ရှိသလို ချဲလ်ဆီးမှ ပေါ်တူဂီခံစစ်မှူး ရီကာဒို ကာဗယ်ဟို ကိုလည်း တပါတည်း ခေါ်ယူရန် အလိုရှိနေကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here