ချဲလ်ဆီး အသင်းသို့ ရစ်ဘာရီ ရောက်ရှိဖွယ်

alt

ဖရန့် ရစ်ဘာရီ အား ရရှိနိုင်ရေး အတွက် ချဲလ်ဆီး အသင်း နှင့် ရီးရဲလ် မက်ဒရစ် အသင်း တို့ အပြိုင်အဆိုင် ကြိုးစား နေကြ ကြောင်း သိရှိ ရသည်။

ချဲလ်ဆီး သည် အဆိုပါ ပြင်သစ် လက်ရွေးစင်အား ပေါင် (၄၃) သန်းဖြင့် ခေါ်ယူရန် နီးစပ် နေသော်လည်း ကစားသမား နှင့် လစာငွေကိစ္စ ညှိနှိုင်းမှုများ အဆင်မပြေ နိုင်သေးပေ။

ထို့အတူ ဘိုင်ယန်မြူးနစ်၏ အသက် (၂၆) နှစ် အရွယ် တောင်ပံလူအား စပိန်ထိပ်သီး ရီးရဲလ် မက်ဒရစ် ကလည်း ပေါင်သန်း (၄၀) ဖြင့် ခေါ်ယူရန် အသည်းအသန် ကြိုးစားလျက် ရှိသည်။ ရီးရဲလ် အသင်းသည် မူလက မန်ချက်စတာ ယူနိုက်တက် တောင်ပံ တိုက်စစ်မှူး ခရစ်စတီယာနို ရော်နာဒို အား ခေါ်ယူရန် စီစဉ် ခဲ့သော်လည်း နောက်ပိုင်းတွင် ရစ်ဘာရီ ဘက်သို့ မြှားဦး လှည့်လာခဲ့ခြင်း ဖြစ်သည်။

ရစ်ဘာရီ အား ဘာစီလိုနာ နှင့် မန်ချက်စတာ ယူနိုက်တက် တို့ကလည်း စိတ်ဝင် စားနေသည့် တိုင် ချဲလ်ဆီး နှင့် ရီးရဲလ် တို့ က ခြေသွက်လက်သွက် လှုပ်ရှားနေကြောင်း ဘိုင်ယန် အသင်းက ၀န်ခံ ခဲ့သည်။

ရစ်ဘာရီ သည် ဘိုင်ယန် မြူးနစ်အသင်း ဂျာမန် ချန်ပီယံဘွဲ့ကို ဆုံးရှုံး ခဲ့ပြီးနောက် အသင်းမှ ထွက်ခွာရန် ဆန္ဒပြင်းပြ လျှက်ရှိသလို ၎င်းအနေ နှင့် အင်္ဂလန် (သို့မဟုတ်) စပိန်သို့ သွားရောက် ကစားလိုကြောင်း ထုတ်ဖော် ၀န်ခံ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here