တိရိစာ္ဆန် ဥယျာဉ်ဝန်ထမ်း ကျားကိုက်ခံ ရသဖြင့် သေဆုံး

alt

မေလ (၂၇) ရက်နေ့က နယူးဇီလန် နိုင်ငံ တိရစာ္ဆန်ဥယျာဉ် တခုမှ ၀န်ထမ်းတဦး ကျား ကိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

နယူးဇီလန် မြောက်ပိုင်း ၀ှန်ဂါရေးမြို့ ရှိ သဘာဝ ဥယျာဉ်တွင် ဘင်္ဂလား ကျားဖြူ တစ်ကောင် ၏ လှောင်အိမ် အား သန့်ရှင်းရေး လုပ်နေစဉ် ကျားကိုက်ခံရပြီး ဒါလူအမ်ကူဘာ အမည်ရှိ ၀န်ထမ်း တစ်ဦး သေဆုံး သွားကြောင်း နယူးဇီလန် အသံလွှင့်ဌာန က ကြေညာ သွားခဲ့သည်။

လူသေမှု ဖြစ်ပွား ခဲ့သည့် အဆိုပါ ဥယျာဉ် ၏ အမည်မှာ ဇိုင်ယွန် သဘာဝ ဥယျာဉ် ဖြစ်ကြောင်းလည်း အသံလွှင့် ဌာန က ထည့်သွင်း ပြောကြား သွားသည်။ အမ်ကူဘာ ကျားကိုက်ခံရချိန်တွင် ၎င်း နှင့် အတူ အဖော် တဦး လည်း ရှိနေကြောင်း သိရှိရပြီး ၀န်ထမ်းများ သည် အမ်ကူဘာ အား ကယ်တင်ရန် ကြိုးပမ်း ခဲ့သော်လည်း ဦးခေါင်း၊ ရင်ဘတ် နှင့် ခြေထောက် အောက်ပိုင်း တို့ တွင် စုတ်ပြတ် နေသော ဒဏ်ရာများ နှင့် အတူ ထိုအခင်း ဖြစ်ပွားရာ နေရာတွင် ပင် သေဆုံး သွားကြောင်း တိရစာ္ဆန်ရုံ အုပ်ချုပ်ရေး အဖွဲ့က ပြောကြား လိုက်သည်။

အမ်ကူဘာ အား သတ်ဖြတ်ခဲ့သော ကျားဖြူ သည် ကမာ္ဘပေါ် တွင် အကောင် (၁၂၀) သာ ရှိသည့် အလွန် ရှားပါးသော တိရစာ္ဆန် ဖြစ်သော်လည်း အဆုံး စီရင်လိုက်ပြီး တိရစာ္ဆန် ဥယျာဉ် ကိုလည်း ယာယီ အခိုက်အတန့် အား ဖြင့် ပိတ်ထား လိုက်သည်။

နယူးဇီလန် ရဲတပ်ဖွဲ့ ကမူ နောက်ထပ် စုံစမ်းမှုများ ပြုလုပ် သွားမည်ဟု ကြေညာ ခဲ့သည်။ ကျားဖြူ က အမ်ကူဘာ အား သတ်ဖြတ် ခဲ့သည့် ဖြစ်ရပ်အား နိုင်ငံခြား ကမာ္ဘလှည့် ခရီးသည် (၈) ဦး နှင့် တိရစာ္ဆန်ရုံ မှ Tour Guide တစ်ဦး တို့က ကိုယ်တွေ့ မြင်ခဲ့ကြ ရပြီး အဆိုပါ ဥယျာဉ် တွင် ကမာ္ဘ့ ရှားပါး မျိုးစိတ် ကျား နှင့် ခြင်္သေ့ (၄၂) ကောင်အား ထိန်းသိမ်း ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here