Apple iPhone တွင် Video Chatting ပါဝင်လာ

alt

မိုဘိုင်းလ်ဖုန်း လောကကို ဆက်လက် လွှမ်းမိုး ထားရန် ကြိုးစား အားထုတ် နေသော Apple သည် ၎င်း၏ အသစ်ထုတ် iPhone တွင် Video Chatting ကို Feature တခုအနေနှင့် ထည့်သွင်း ထားကြောင်း သတင်းများ ထွက်ပေါ် နေသည်။

ထိုအကြောင်း ကို Apple က အတည် မပြု ထားသော်လည်း နွေရာသီအတွင်း ထွက်ရှိ လာမည့် Apple iPhone ၏ မော်ဒယ်လ်သစ် တွင် Video Chatting သာမက အခြားသော စိတ်ဝင်စားဖွယ် Feature များစွာ ပါ၀င်လာမည် ဖြစ်ကြောင်း ကောလဟာလများ ပြန့်နှ့ံ လျှက်ရှိသည်။

Apple သည် ၎င်း၏ iPhone အသစ်သည် 32GB၊ 16GB နှင့် 8GB ဟူ၍ Version (၃)မျိုးခွဲပြီး ထုတ်ဝေမည် ဖြစ်သည်။ သို့သော်လည်း Apple အနေနှင့် Storage ပမာဏကို တိုးမြှင့် ပေးနိုင်ရန်အတွက် Card Slot ထပ်ထည့်ပေး၊ မပေးကိုမူ မသိရသေးပေ။

MMS စနစ်ကို အသုံးပြုမည်ဟု Apple က ကြေညာ ထားသော်လည်း အဆိုပါ စနစ်တွင် Video Chatting ပါ၀င်ခြင်း ရှိ၊ မရှိကိုမူ ပြောကြားခြင်း မရှိသေးပေ။ သို့သော်လည်း iPhone ချစ်သူများအား ဆွဲဆောင်နိုင်မည့် Function အသစ်များ ထည့်ပေးထားကြောင်း ကိုမူ မတ်လ ကတည်းက အတည်ပြုထားသည်။

သတင်းများ ပြန့်နှံ့နေမှု အရ YouTube ကဲ့သို့သော ၀ဘ်ဆိုဒ် များနှင့်ပင် ချိတ်ဆက်နိုင်အောင် iPhone အသစ်ကို တီထွင်ထားကြောင်း သိရသည်။

အဆိုပါ iPhone အသစ်ကို ဇူလိုင်လ (၁၇) ရက်နေ့ နောက်ပိုင်းတွင် ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချသွားဖွယ် ရှိကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here