ကာလသား ရောဂါမှာ လွန်ခဲ့သော နှစ်ပေါင်းထောင်ချီ ကတည်းက ဖြစ်ပေါ်ခဲ့

alt

လွန်ခဲ့သော နှစ်ပေါင်း (၄၀၀၀) ခန့် ကတည်းကပင် ကာလသား ရောဂါ ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း အိနိ္ဒယ နှင့် အမေရိကန် သုတေသီများက ဖော်ထုတ် နိုင်ခဲ့သည်။

အလယ်ခေတ်က ရှင်သန် နေထိုင်ခဲ့သည့် အမျိုးသားတစ်ဦး၏ ရုပ်ကြွင်းကို ရှာဖွေတွေ့ ရှိခဲ့ပြီး ၎င်းတွင် ကာလသား ရောဂါရှိကြောင်း ပညာရှင်များက မေလ (၂၇) ရက်နေ့တွင် ကြေညာခဲ့သည်။

ထို အရိုးစုသည် ဘလာသာ အရပ်တွင် လွန်ခဲ့သော ဘီစီ (၂၀၀၀) ခုနှစ် ကတည်းက မြှုပ်နှံခဲ့ခြင်းဟု အိနိ္ဒယ ပညာရှင်များနှင့် ပူးပေါင်း သုတေသန ပြုလုပ်ခဲ့သူ ဘွန်းတက္ကသိုလ် မှ မနုဿဗေဒ ပညာရှင် ဂွန်းရော်ဘင်က ဆိုသည်။

သိပ္ပံ ပညာရှင်များက အဆိုပါ ရောဂါသည် ဘီစီ (၃၇၀၀) ခန့် ကတည်းက တိရစာ္ဆန်များမှ လူသားများထံ စတင် ကူးစက်နေပြီဟု ယူဆ ထားကြသည်။ ထို့အပြင် ကာလသား ရောဂါပိုးသည် အိန္ဒိယ (သို့မဟုတ်) အာဖရိကတွင် အစပျိုးခဲ့ပြီး အလက်ဇန်းဒါး သည်ဂရိတ် လက်ထက်တွင် အာရှမှ တဆင့် ဥရောပသို့ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။

ရော်ဘင် နှင့် အဖွဲ့သည် ယခုအခါတွင် ကမာ္ဘတဝှမ်း လူဦးရေ (၂) သိန်းကျော်တွင် ဖြစ်ပွားနေသည့် အဆိုပါကူးစက် ရောဂါသည် အီဂျစ်တွင် (၁၅၅၀) ပြည့်နှစ်များ ကတည်းက ဖြစ်ပွားနေကြောင်း အတည်ပြု နိုင်ခဲ့ကြသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here