စင်္ကာပူနိုင်ငံတွင် H1N1 တုပ်ကွေး ကူးစက်မှု စတင်တွေ့ရှိ

alt

စင်္ကာပူနိုင်ငံတွင် ပထမဆုံးသော H1N1 တုပ်ကွေး ဝေဒနာသည်ကို စတင် တွေ့ရှိပြီ ဖြစ်ကြောင်း စင်္ကာပူ ကျန်းမာရေး ၀န်ကြီး ဌာန က ကြေညာ လိုက်သည်။

နယူးယောက်မှ ပြန်လာသော အသက် (၂၂) နှစ်အရွယ် စင်္ကာပူ အမျိုးသမီး တစ်ဦးတွင် H1N1ရောဂါ ဗိုင်းရပ်စ် တွေ့ရှိကြောင်း၊ ယခုစစ်ဆေး တွေ့ရှိမှုသည် နိုင်ငံ အတွင်း ပထမဆုံး အကြိမ် ဖြစ်ကြောင်း ၀န်ကြီး ဌာန က အတည်ပြု ခဲ့သည်။

ယခုအခါ လူနာ အမျိုးသမီး အား သီးသန့် ခွဲထားပေးသည့် ဆေးကုဆောင်တွင် ကုသနေပြီး အခြေအနေ ကောင်းမွန်ကြောင်း သိရသည်။ သူမသည် နယူးယောက်တွင် မေလ (၁၄) ရက်နေ့မှ (၂၄) ရက်နေ့အထိ နေခဲ့ပြီး (၂၆) ရက်နေ့ ကမှ စင်္ကာပူ လေကြောင်းလိုင်းဖြင့် ပြန်လည် ရောက်ရှိ လာသူ ဖြစ်သည်။

သူမသည် နယူးယောက်တွင် ရှိစဉ်ကတည်းက ချောင်းဆိုးရင်ကြပ် ဖြစ်နေခဲ့ကြောင်း ပြောကြားခဲ့သည်။ လေဆိပ်အတွင်း အပူချိန်တိုင်း ကိရိယာတွင် ကိုယ်အပူရှိန် မြင့်မားနေသည်ကို တွေ့ရှိခဲ့ပြီးနောက် သူမအား သက်ဆိုင်ရာက ဆေးစစ် စမ်းသပ်မှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အမျိုးသမီးသည် သူမ ကိုယ်တိုင်က ဖျားနာနေခြင်း မရှိသည့် အတွက် အံ့ဩနေကြောင်းလည်း ဆရာဝန်များက ဆိုသည်။ နောက်ပိုင်းတွင်မူ သူမ၏ ခန္ဓာကိုယ်အတွင်း H1N1 ဗိုင်းရပ်စ် ရောက်ရှိနေကြောင်း ဆရာဝန်များက အတည်ပြု နိုင်ခဲ့သည်။ ယခုအခါတွင် သူမ နှင့် ရင်းနှီးစွာ ဆက်ဆံမှု ရှိသူများနောက်သို့ တာဝန်ရှိသူများက ခြေရာခံ ရှာဖွေနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here