ဟာဘယ် အာကာသ မှန်ပြောင်း ပြင်ဆင်ရေးခရီးစဉ် အကျိုးရှိ အောင်မြင်

alt

ဟာဘယ် အာကာသ မှန်ပြောင်းကြီးအား သွားရောက် ပြင်ဆင် ခဲ့သည့် ခရီးစဉ်သည် အာကာသ စူးစမ်း လေ့လာရေး မှန်ပြောင်း အသစ်ချပ်ချွတ် တစ်ခု လွှတ်တင် လိုက်သလို အကျိုး သက်ရောက်မှု ရှိခဲ့ကြောင်း နာဆာမှ ပညာရှင်များ က ပြောကြား ခဲ့ကြသည်။

သမိုင်း တလျှောက် အာကာသ ထဲသို့ အမြင့်ဆုံး ပျံသန်းပြီး ဟာဘယ် မှန်ပြောင်းကြီး အား သွားရောက် ပြုပြင် ခဲ့သည့် အတ္တလန္တစ် အာကာသ ယာဉ်မှူး (၇) ဦးအား နာဆာ အဖွဲ့ မှ အထူး ချီးကျူး မိကြောင်း နာဆာ၏ သိပ္ပံဆိုင်ရာ လုပ်ဆောင်မှု ဌာန အကြီးအကဲ အက်ဝီလာ က ဆိုသည်။

ယာဉ်မှူးများသည် အာကာသအတွင်း (၅) ကြိမ် လမ်းလျှောက်ရင်း ပြုပြင် ထိန်းသိမ်းမှုများ ကို ဆောင်ရွက် ပေးခဲ့ ခြင်းဖြင့် သက်တမ်း (၁၉) နှစ် ရှိပြီဖြစ်သော ဟာဘယ် အား အသစ်စက်စက် ကဲ့သို့ မွမ်းမံ နိုင်ခဲ့ကြောင်း ၀ီလာက ပြောကြား ခဲ့သည်။ အတ္တလန္တစ် အာကာသ ယာဉ် သည် မေလ (၂၄) ရက်နေ့က ကယ်လီဖိုးနီးယား တွင် အောင်မြင်စွာ ပြန်လည် ဆင်းသက် ခဲ့ပြီ ဖြစ်သည်။

အရာအားလုံး အဆင်ပြေစွာ ပြီးဆုံး သွားသဖြင့် ကျေနပ် မိကြောင်း ၀ီလာက ဆိုသည်။ ယခုအခါ ဟာဘယ်သည် အာကာသ လျှို့ဝှက်ချက်များ စူးစမ်းရှာဖွေခြင်း လုပ်ငန်းကို ပိုမို အရှိန်အဟုန် မြင့်မားစွာ ဖြင့် ဆောင်ရွက် နိုင်ပြီ ဖြစ်သည်။

ဟာဘယ် အား သွားရောက် ပြင်ဆင် ခဲ့သည့် အတ္တလန္တစ် လွန်းပျံ ယာဉ်အဖွဲ့ အား အမေရိကန် တိုက်လေယာဉ်မှူးဟောင်း စကော့အော်တမန် က ဦးဆောင် ခဲ့ပြီး မိုင် (၃၅၀) အမြင့်ထိ စကြာဝဠာထဲသို့ သွားရောက် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ နာဆာသည် မှန်ပြောင်းကြီး အား နောက်ထပ် မွမ်းမံမှုများ မပြုလုပ်ဘဲ နောက်ထပ် (၅) နှစ်မှ (၁၀) နှစ်အထိ ဆက်လက် အသုံးပြု နိုင်မည် ဟု ယူဆ ထားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here