စစ်ဆင်ရေး ဆောင်ရွက်ရန် အသင့်ရှိဟု တောင်ကိုရီးယား ပြော

alt

တောင် ကိုရီးယား နိုင်ငံအနေနှင့် လိုအပ်လာပါက စစ်ဆင်ရေးတစ်ခု ဆောင်ရွက်သွားရန် အသင့်ရှိနေကြောင်း မေလ (၂၇) ရက်နေ့က ကြေညာ လိုက်သည်။

ထို အခြေအနေသည် တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံအကြား စစ်ရေးဆိုင်ရာ တင်းမာမှုကို ပိုမို အရှိန်မြင့်မား လာစေခဲ့သည်။ ယွန်ဟပ် သတင်း အေဂျင်စီက တောင်ကိုရီးယား စစ်ဘက်ထိပ်တန်း တာဝန်ရှိသူ တစ်ဦး၏ အဆိုကို ကိုးကားပြီး တောင် ကိုရီးယားနိုင်ငံသည် စစ်ရေးအရ ရန်လိုမှု ရှိသည့် မည်သည့် နိုင်ငံကိုမဆို တုန့်ပြန်သွားရန် အသင့်ရှိနေကြောင်း ဖော်ပြခဲ့သည်။

အထူးသဖြင့် နိုင်ငံ၏ ရေကြောင်း သွားလာမှုကို အနှောင့်အယှက် ပေးသည့် မည်သည့်နိုင်ငံခြား တိုင်းပြည်ကို မဆို တိုက်ပွဲဝင်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောကြား သွားခဲ့သည်။

ထိုနေ့ နံနက် အစောပိုင်းက မြောက် ကိုရီးယားဘက်မှ အနောက် တောင်ပိုင်း ကမ်းခြေကို ဖြတ်သန်း သွားလာနေသည့် တောင်ကိုရီးယား နှင့် အမေရိကန်ပိုင် သင်္ဘောများ၏ လုံခြံုရေးအတွက် အာမခံချက် နည်းပါးလာပြီ ဖြစ်ကြောင်း ခြိမ်းခြောက် ပြောကြားခဲ့ အပြီး တောင်ကိုရီးယားက ယခုလို တုန့်ပြန် ခဲ့ခြင်းဖြစ်သည်။

မေလ (၂၅) ရက်နေ့က မြောက်ကိုရီးယား၏ အနုမြူဗုံး စမ်းသပ်မှုကို အမေရိကန်နှင့် အတူ တသားတည်း ရပ်တည်ပြီး ကန့်ကွက် ရှုတ်ချကြောင်း တောင် ကိုရီးယားဘက်မှ ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ တင်းမာမှုများ ပေါ်ပေါက် လာရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here