ပြဇာတ် မင်းသားတွေ ဖြစ်လာဦးမည့် ဒင်နီရယ် ကရိတ်နှင့် ဟူးဂျ် ဂျက်မင်း

alt

ဒင်နီရယ် ကရိတ် နှင့် ဟူးဂျ် ဂျက်မင်း တို့ နှစ်ဦးသည် ပြဇာတ် လောကသို့လည်း ခြေဦးလှည့် ဦးမည်ဖြစ်ကြောင်း သိရှိ ရသည်။

ဘရော့ဝေးတွင် တင်ဆက် ကပြမည့် A Steady Rain အမည်ရှိ Drama ပြဇာတ်တွင် အဆိုပါ စူပါစတား မင်းသား (၂) ဦး ပါ၀င်လာမည် ဖြစ်ကြောင်း ဘရော့ဝေး တွင် ထိုသတင်းများ ထွက်ပေါ်လျက် ရှိသည်။

သို့သော်လည်း မင်းသား (၂) ဦးကမူ ထိုသတင်းများကို အတည်ပြုချက် မပေး သေးပေ။ New York Post သတင်းစာ၏ မေလ (၂၇) ရက်နေ့ ဖော်ပြချက်အရ မင်းသား နှစ်ဦး သည် ငယ်စဉ် ကတည်းက ခင်မင် လာသည့် ရဲအရာရှိ (၂) ဦး အဖြစ် ပြဇာတ် ထဲတွင် သရုပ်ဆောင်မည် ဟု သိရသည်။

A Steady Rain ပြဇာတ်သည် အမေရိကန်ရှိ ပြဇာတ်ရုံ အသေးစားများတွင် (၂၀၀၇) ခုနှစ်က တင်ဆက် ကပြခဲ့ရာမှ လူကြိုက်များလာသည့် ဇာတ်ထုပ် ဖြစ်သည်။ ထိုဇာတ်လမ်းတွင် သူငယ်ချင်းနှစ်ဦး၏ ဘဝများသည် ကြိုတင် မခန့်မှန်းနိုင်သည့် လောကဓံ အလှည့်အပြောင်း များကြောင့် အကြီးအကျယ် ခြားနားသွားသည်ကို ခြယ်မှုန်း ပြသထားခြင်း ဖြစ်သည်။

New York Post ၏ ဖော်ပြချက်အရ A Steady Rain ကို နာမည်ကြီး ပရိုဂျူဆာ ဘာဘရာ ဘရော့ကိုလီ က တာဝန်ခံ တင်ဆက် သွားမည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here