တာလီဘန် ခေါင်းဆောင်တစ်ဦးအား ပါကစ္စတန်မှ ဆုငွေထုတ်

alt

ပါကစ္စတန် အစိုးရ အာဏာပိုင်များ က မော်လာနာ ဖက်ဇာ လူလာ အား ဖမ်းဆီး ပေးပါက အမေရိကန် ဒေါ်လာ (၆၂၀၀၀) ကို ပေးအပ် သွားမည်ဟု ဆုငွေ ထုတ်ပြန် လိုက်သည်။

ဖက်ဇာ လူလာ သည် ဆွက် တောင်ကြား ဒေသကို တာလီဘန် တို့ ၀င်ရောက် ကျူးကျော်ရာ တွင် နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက် ခဲ့သည်ဟု စွပ်စွဲ ခံထား ရသည့် အစ္စလာမ် ဘာသာရေး ခေါင်းဆောင် ဖြစ်သည်။

၎င်း အား တရားဝင် ဆုငွေ ထုတ်ကြောင်း မေလ (၂၈) ရက်နေ့ တွင် ပါကစ္စတန် အစိုးရ က ကြေညာချက် ထုတ်ပြန် ခဲ့သည်။ ထို့အတူ အခြားသော တာလီဘန် ခေါင်းဆောင် အယောက် (၂၀) ကိုလည်း ခြေရာခံ လိုက်နိုင်ရန် ကူညီ ပေးမည့် မည်သူ့ ကို မဆို ဆုငွေများ ပေးအပ် သွားမည် ဟု သိရသည်။

အဆိုပါ စာရင်းတွင် ဆွက် ဒေသ တာလီဘန် တပ်ဖွဲ့ ၏ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် မတ်ဆလမ်ခန်း လည်း ပါ၀င် သည်။ ဆုငွေ ထုတ်ပြန်သည့် ကြေညာချက် တွင် ပါကစ္စတန် နိုင်ငံသားများ ၏ အသက် အိုးအိမ် စည်းစိမ်ကို ခြိမ်းခြောက်နေသော အဆိုပါ အကြမ်းဖက် သမားများ ၏ သတင်းကို ရရှိပါက မျိုးချစ် စိတ်ဓာတ် အပြည့်ဖြင့် သတင်း ပေးစေ လိုကြောင်း ပါကစ္စတန် နိုင်ငံ ထုတ် သတင်းစာများ တွင် ရေးသား ဖေါ်ပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here