တွမ်ခရုစ် အနားမှာ အချိန်များများ နေလိုသည့် ကေတီဟုမ်း

alt

မင်းသမီး ကေတီဟုမ်း သည် ခင်ပွန်းသည် နှင့် အချိန်များများ အတူနေလိုသည့် ဆန္ဒ ရှိနေကြောင်း သိရသည်။

နာမည်ကျော် ဟောလီးဝုဒ် မင်းသား တွမ်ခရုစ်နှင့် (၃) နှစ်သမီးလေး ဆူရီကို မွေးဖွားထားသည့် ကေတီသည် အလုပ်များသော ခင်ပွန်းသည်နှင့် ခွဲနေရသည့် အကြိမ် များလွန်းသဖြင့် စိတ်မချမ်းမသာ ဖြစ်နေသလို အားငယ်စိတ် ၀င်နေရကြောင်း သူမနှင့် ရင်းနှီးသော မိတ်ဆွေများက ဆိုသည်။

၎င်းတို့က မင်းသမီးသည် တွမ်နှင့် ကြည်နူးဖွယ် အချိန်များများ ရရှိနိုင်ရန် မျှော်လင့် နေရှာကြောင်း ပြောကြားခဲ့သည်။

မင်းသမီးနှင့် နီးစပ်သူ အချို့က ဗြိတိန်ထုတ် Closer မဂ္ဂဇင်းသို့ ပြောကြားခဲ့ရာတွင် မင်းသမီးအနေနှင့် ပြီးခဲ့သော လများ အတွင်းက အထီးကျန်မှုကို အပြင်းအထန် ခံစားခဲ့ရကြောင်း၊ သူမသည် တွမ် နှင့် အတူ အေးအေးဆေးဆေး အတူ နေချင်သော်လည်း အခြေအနေ မပေးသဖြင့် စိတ်ပျက် အားလျော့နေကြောင်း ပါရှိသည်။

ကေတီ အနေနှင့် ပွဲလမ်းသဘင်များသို့ သွားရောက် ရခြင်းထက် တွမ် နှင့် အတူ အနားယူ အပမ်းဖြေနေရသည့် ဘဝမျိုးကိုသာ နှစ်သက်လေ့ ရှိကြောင်းလည်း သူမ ၏ မိတ်ဆွေများက ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here