သွေးကင်ဆာ ဝေဒနာရှင်များ အတွက် အသက်ကယ်ဆေး

alt

လက်ဖက်စိမ်း ဖျော်ရည် သည် သွေး ကင်ဆာ ဝေဒနာရှင်များ အတွက် အသက်ကယ် ဆေး တခု ဖြစ်ကြောင်း ပညာရှင်များ က ထောက်ခံ ခဲ့ကြပြီး ဖြစ်သည်။

သွေးကင်ဆာ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစား နေရသည့် လူနာများ အား လက်ဖက်စိမ်း ဖျော်ရည် ပုံမှန် တိုက်ကျွေး ကြည့်ရာ ပြန်ရည်ကြော အဖွဲ့အစည်းများ ရောင်ရမ်းမှုကို (၅၀) ရာခိုင်နှုန်း ထိ လျော့ကျ စေကြောင်း သုတေသီများ က တွေ့ရှိခဲ့ကြသည်။

အလေ့ကျ ပေါက်လေ့ ရှိသော လက်ဖက်စိမ်း သည် သွေးကင်ဆာ ရောဂါရှင် များ၏ အသက်ရှင် ရပ်တည်ခွင့် ကို ပိုမို တိုးမြှင့်ပေးနိုင်ကြောင်း မင်နီဆိုးတား ပြည်နယ်၊ ရိုချက်စတာ ရှိ မေယို ဆေးခန်းမှ ဒေါက်တာ တိတ်ရှာနာဖတ် က ထောက်ခံ ခဲ့သည်။

၎င်း နှင့် အတူ အခြား ဆရာဝန်များသည် လက်ဖက်နှင့် သွေးကင်ဆာ ရောဂါ ဆက်စပ်မှုကို အသေးစိတ် လေ့လာခဲ့ကြ ပြီးနောက် ယခု တွေ့ရှိမှု ကို အတည်ပြု ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် လက်ဖက်စိမ်း တွင် ပါ၀င်သော Polyphenon E ဓါတ်သည် သွေးကင်ဆာ အတွက် အလွန် ထိရောက်သော ဓာတု ဓာတ်ပေါင်းတမျိုးဟု ဒေါက်တာ ရှာနာဖတ်က ရှင်းပြ သွားခဲ့ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here