တောင်ကိုရီးယား နှင့် ဂျပန် နိုင်ငံအား ကာကွယ်ပေးသွားမည်

alt

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ဟီလာရီ ကလင်တန်က အမေရိကန် ပြည်ထောင်စု အနေနှင့် တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံ တို့အား အပြည့်အဝ အကာအကွယ် ပေးသွားမည် ဖြစ်ကြောင်း မေလ (၂၇)ရက်နေ့က ကြေညာခဲ့သည်။

အာရှတိုက် အရှေ့ပိုင်းရှိ အဆိုပါ နိုင်ငံနှစ်ခုသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို ခံနေရပြီး အမေရိကန်က ယခုကဲ့သို့ ၀င်ရောက် လာရခြင်းဖြစ်သည်ဟု ဆိုသည်။

ကလင်တန်က အမေရိကန်သည် ထိုနှစ်နိုင်ငံ၏ လုံခြံုရေးကို ကူညီသွားရန် အစဉ်အမြဲ ဂုဏ်ယူနေမည်ဟု ဆိုကာ မြောက် ကိုရီးယားသည် မေလ (၂၅) ရက်နေ့က အနုမြူ ဗုံးတစ်လုံးကို မြေအောက်တွင် စမ်းသပ် ဖောက်ခွဲခြင်းဖြင့် ၎င်း၏ အိမ်နီးချင်း နိုင်ငံများအား ခြိမ်းခြောက်ခဲ့ပြီး တောင်ကိုရီးယား နိုင်ငံကလည်း လိုအပ်လာပါက စစ်ရေး လှုပ်ရှားမှုများ အဆင်သင့် ပြုလုပ်နိုင်ရန် ပြင်ဆင်ထားခဲ့ပြီ ဖြစ်သည်။

ကလင်တန် မှာ မြောက်ကိုရီးယား ၏ အနုမြူစီမံကိန်းကို ရပ်ဆိုင်းပစ်ရန် ချက်ခြင်း လက်ငင်းတောင်းဆို လိုက်ပြီး (၆)နို်င်ငံ၊ အနုမြူ ဆွေးနွေးပွဲသို့ ပြန်လည်ပူးပေါင်း ပါ၀င်ရန် တိုက်တွန်း ခဲ့သေးသည်။ ပြံုယမ်း အစိုးရသည် မေလ (၂၅) ရက်နေ့က နိုင်ငံ၏ ဒုတိယမြောက် အနုမြူဗုံး စမ်းသပ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ကမာ္ဘအား မထီမျက်မြင် ကြေညာခဲ့ပြီး နောက် နိုင်ငံတကာတွင် မြောက်ကိုရီးယား အပေါ် စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here