အာစင်းဝင်းဂါး ဆက်လက် အလိုရှိလျင် အဒီဘာယော အာဆင်နယ်တွင် ဆက်ရှိမည်

alt

အာဆင်နယ် အသင်း တိုက်စစ်မှူး အီမန်နျူရယ် အဒီဘာယော က နည်းပြကြီး အာစင်းဝင်ဂါး ကသာ ဆက်လက် အလိုရှိမည် ဆိုလျှင် ၎င်းသည် အသင်းတွင်ပင် ဆက်နေမည် ဖြစ်ကြောင်း ပြောကြား လိုက်သည်။

အသက် (၂၅)နှစ်ရှိ တိုဂို လက်ရွေးစင် တိုက်စစ်မှူး အနေနှင့် အသင်းမှ ထွက်ခွာနိုင်ကြောင်း ၀င်ဂါးက ပြောကြားခဲ့ပြီးနောက် အဒီဘာယော အား ဥရောပထိပ်တန်း ကလပ်အသင်း များစွာက စိတ်ဝင်စား လာကြသည်။

အီတလီ စီးရီးအေ ထိပ်တန်း အသင်းများဖြစ်သည့် မြို့ခံပြိုင်ဘက် အေစီမီလန် နှင့် အင်တာမီလန် တို့သည် အဒီဘာယော အား ခေါ်ယူရန် စိတ်ဝင်စားကြောင်း အတိအလင်း ၀န်ခံခဲ့ကြသလို အင်္ဂလန် ပြည်တွင်းရှိ သူကြွယ် အသင်းများဖြစ်သော ချဲလ်ဆီး နှင့် မန်ချက်စတာ စီးတီး တို့ကလည်း စုံစမ်းမှုများ ပြုလုပ်လာကြသည်။

သို့သော်လည်း အဒီဘာယော က ၎င်းသည် နည်းပြဝင်ဂါးကို ရိုသေ လေးစားသဖြင့် ၀င်ဂါး က တားမြစ်သည်နှင့် အသင်းမှ မထွက်ခွာရန် ဆုံးဖြတ်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အဒီဘာယော သည် အာဆင်နယ်၏ အဓိက တိုက်စစ်မှူးအဖြစ် ရပ်တည်လျှက်ရှိပြီး ၎င်း၏ ပြောင်းရွှေ့ကြေးသည် ပေါင်စတာလင် သန်း (၂၀) ကျော်မျှ ရှိနိုင်ကြောင်းလည်း သတင်းများက ခန့်မှန်း ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here