ရစ်ဘာရီသည် စီရော်နယ်လ်ဒို ထက်သာလွန်ကြောင်း ဇီးဒန်း သုံးသပ်

alt

ပြင်သစ် အသင်း ၏ ဂန္တဝင် ဘောလုံးသမားကြီး ဇင်နီဒင်း ဇီဒန်း က ၎င်း ၏ အမြင်တွင် ဖရန့်ရစ်ဘာရီ သည် ခရစ်စတီယာနို ရော်နာဒို ထက် သာလွန် ကောင်းမွန်ကြောင်း ထုတ်ဖေါ် ပြောကြား လိုက်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်း မှ ပေါ်တူဂီ တိုက်စစ်မှူး ရော်နာဒို သည် လက်ရှိ ကမာ္ဘ့ အကောင်းဆုံး ဘောလုံးသမားဆု ကို ရရှိ ထားသော်လည်း ဇီဒိန်း ကမူ ၎င်း၏ နိုင်ငံ အမျိုးသား အသင်း မှ ရစ်ဘာရီ ကိုသာ ပိုမို သဘောကျကြောင်း ပြောဆိုလိုက်သည်။

ရီးရဲလ် မက်ဒရစ် အနေနှင့် ရော်နာဒို အား ခေါ်ယူမည့် အစား အသက်(၂၆) နှစ်ရှိ ပြင်သစ် လက်ရွေးစင် တောင်ပံလူ ကိုသာ ခေါ်ယူသင့်ကြောင်း ဇီဒိန်းက တိုက်တွန်းခဲ့သည်။ ရီးရဲလ် အသင်းသည် ဥက္ကဌဟောင်း ဖလော်ရင်တီနို ပီရက်စ် အသင်း သို့ ပြန်ရောက်လာပါက ရော်နာဒို အား ခေါ်ယူရန် စီစဉ်လျက် ရှိနေသည်။

ဇီဒိန်း က ရစ်ဘာရီ သည် ပြီးပြည့်စုံသော ကစားသမား ဖြစ်ပြီး ရီးရဲလ် အသင်း၏ ကွင်းလယ် ကစားကွက်တွင် အဓိက မောင်းနှင်အား တစ်ရပ် ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆို ခဲ့သေးသည်။ ထို့အပြင် ပီရက်စ် သာ ဥက္ကဌအဖြစ် ရွေးချယ်ခံရပါက ရစ်ဘာရီ အား မရမနေ ခေါ်ယူရန် တိုက်တွန်း သွားမည် ဖြစ်ကြောင်း ဇီဒိန်းက ထုတ်ဖေါ်ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here