စစ်အစိုးရ၏ အပြုအမှုကြောင့် အာဆီယံ သိက္ခာကျရ

alt

အရှေ့တောင် အာရှ နိုင်ငံများ အသင်းကြီး ( အာဆီယံ ) အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ် က မြန်မာ စစ်အစိုးရ မှ ဒေါ်အောင်ဆန်းစုကြည် အပေါ် တရားစွဲဆို ထားတာ ဟာ

အရှေ့တောင် အာရှ နိုင်ငံများ အသင်းကြီး ရဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေတယ်လို့ ကမော္ဘဒီးယား နိုင်ငံ ဖနွမ်ပင် မှာ ကျင်းပ နေတဲ့ အာရှ၊ ဥရောပ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေး အတွင်း သတင်းထောက်တွေကို ပြောဆိုသွား ခဲ့ပါတယ်။

မြန်မာ စစ်အစိုးရ ရဲ့ လုပ်ရပ်ဟာ အာစီယံရဲ့ ဂုဏ်သိက္ခာ နဲ့ အာစီယံ အဖွဲ့ဝင် အားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက် စေခဲ့ပါတယ်။ အဲ့ဒီ အတွက်ကြောင့် နိုင်ငံတကာက အမြင် သဘောထားတွေ နဲ့ ထပ်တူ အာစီယံအဖွဲ့ကြီးက စိုးရိမ် ပူပန်မှုတွေကို အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ကနေ တဆင့် ထုတ်ဖေါ် ပြသခဲ့တာပါဟု ထည့်သွင်း ပြောဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကို တရားစွဲဆိုတဲ့ အတွက် မြန်မာ စစ်အစိုးရ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း ရဲ့ ယုံကြည် လေးစားမှုကို လက်လွှတ် ရနိုင်တယ်ဆိုပြီး အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ ကနေ သတိပေးခဲ့ကြောင်း ထောက်ပြ ပြောကြားလိုက်သည်။။

မြန်မာ စစ်အစိုးရ ကတော့ ထိုင်းနိုင်ငံဟာ အာဆီယံ ပဋိညာဉ် စာတမ်းကို ချိုးဖေါက်ပြီး မြန်မာ့ ပြည်တွင်းရေး ကို ဝင်ရောက် စွက်ဖက်တယ်လို့ ဆတ်ဆတ်ခါ စွပ်စွဲပြောဆိုခဲ့ပြီး၊ အာရှ – ဥရောပ နိုင်ငံများဝန်ကြီးများ အနေနဲ့ မြန်မာနိုင်ငံ ရဲ့ အချုပ်အခြာ နဲ့ ဥပဒေ အခွင့်အာဏာများ ကို လေ့လာ တန်းဖိုးထားသင့်ပြီး၊ တခြားနိုင်ငံ ရဲ့  ဥပဒေ စီရင်ပိုင်ခွင့် နဲ့ ပြည်တွင်းရေးတွေ အတွက် ဝင်ရောက် မစွက်ဖက် သင့်ကြောင်း၊ အာရှ – ဥရောပနိုင်ငံများ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲ ကျင်းပရာ ကမော္ဘဒီးယားနိုင်ငံ ဖနွမ်ပင် မှာ မြန်မာ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း က  ပြောဆိုခဲ့သည် ကို တွေ့ရှိရသည်။

မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးမောင်မောင်မြင့် ကတော့၊ ဒါဟာ နိုင်ငံရေး အရ ရော၊ လူ့ အခွင့်အရေး အရရော မဟုတ်တဲ့အတွက် နိုင်ငံတကာ အနေနဲ့ ဖိအားပေး ဝင်ရောက် စွက်ဖက်တာ ကို လက်မခံနိုင်ကြောင်း ပြောဆိုနေချိန်မှာ၊ ဒေါ်အောင်ဆန်းစုကြည် ဟာ မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ် ဆိုတာ အားလုံးလက်ခံဘို့ လိုတဲ့အကြောင်း၊ အီးယူ ဥရောပနိုင်ငံများ အဖွဲ့က အာရှဒေသ ဆိုင်ရာ မူဝါဒရေးရာ အဖွဲ့ အကြီးအကဲ Marcin Majewski က ပြောဆိုခဲ့ပြီး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို စတင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေး ဘဲ၊ နည်းမှန်လမ်းမှန် နဲ့ ဆောင်ရွက်နိုင် မှာ လည်း မဟုတ်ပါဘူး။ ဒီ အခြေအနေ အပေါ် ကျနော် တို့ အထူးပဲ စိုးရိမ်မိပါတယ်လို့ ပြောဆိုခဲ့ကြောင်း သိရှိ ရသည်။

စစ်အစိုးအပေါ် ရှုတ်ချတဲ့ ကြေညာချက် နဲ့ မြန်မာ့အရေး မျှော်လင့်ချက်တွေကို အာရှ – ဥရောပ နိုင်ငံများ ဝန်ကြီးများအနေနှင့် အားလုံးက ပထမဆုံး တညီတညွတ်တည်း ထုတ်ဖေါ်ပြောဆို ခဲ့တာလည်း တွေ့ရှိရသည်ဟု ဖနွမ်ပင်မှ လာသော သတင်းများတွင် ဖေါ်ပြထားသည်။

လာမယ့် ဇွန်လ ၁ ရက်နဲ့ ၂ ရက် နေ့တွေ အတွင်း အာဆီယံနိုင်ငံ တွေနဲ့ တောင်ကိုရီးယား အကြား ထိပ်သီး အစည်းအဝေး ကို တောင်ကိုရီးယား နိုင်ငံ ဂျီဂျုကျွန်းမှာ ကျင်းပဖို့ရှိပြီး၊ အဲ့ဒီ အစည်းအဝေး ကနေ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စ၊ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ထည့်သွင်း ဆွေးနွေးမယ်လို့ ထိုင်း ဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာဂျီဝ သတင်းထောက်တွေကို ပြောဆိုခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here