မက်ဒေါနား နှင့် ချစ်သူများ မဟုတ်ရကြောင်း ဂျီးဇက်လက်စ် ငြင်း

alt

ဂျီးဇက်လက်စ် က ၎င်းသည် မက်ဒေါနား နှင့် ချစ်သူများ မဟုတ်ရကြောင်း အတိအလင်း ငြင်းချက် ထုတ်လိုက်သည်။

အသက် (၂၂) နှစ်ရှိ ဘရာဇီး မော်ဒယ် သည် မက်ဒေါနား ၏ Toyboy အဖြစ် မီဒီယာများ က ဖော်ပြ နေသော်လည်း ဂျီးဇက် က ၎င်းနှင့် မက်ဒေါနား သည် အရင်းနှီးဆုံး မိတ်ဆွေ အဆင့်ထက် မပိုကြောင်း ပြောကြားလိုက်သည်။

ဘရာဇီး ရုပ်သံ အစီအစဉ် Fantastico နှင့် အင်တာဗျူး တွင် ဂျီးဇက် က ၎င်းသည် မက်ဒေါနား ကို လေးစား ရိုသေကြောင်း၊ မက်ဒေါနား နှင့် ၎င်းတို့သည် အလုပ်ခွင်တွင် သိကျွမ်းခဲ့ ပြီးနောက် ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာ ကြကြောင်း၊ ထို့ထက် ပိုပြီး သတင်းများတွင် ခန့်မှန်းနေသည့် အတွက် စိတ်ပျက်မိကြောင်း ထပ်လောင်းပြောကြား လိုက်သည်။

အသက် (၅၀) အရွယ် Pop အဆိုတော် မက်ဒေါနား သည် ၎င်းနှင့် ဂျီးဇက် တို့၏ ဆက်ဆံရေး နှင့်ပတ်သက်ပြီး ချစ်သူများ ဖြစ်နေပြီဟု မီဒီယာများ က ဖော်ပြနေမှုကို ငြင်းဆန်ခဲ့ခြင်း မရှိသော်လည်း ဂျီးဇက်ဘက် မှ ပထမဆုံး အကြိမ် ငြင်းချက်ထုတ်လိုက်ပြီ ဖြစ်သည်။ ဂျီးဇက် နှင့် မက်ဒေါနား တို့၏ မဖွယ်မရာ ဓာတ်ပုံများ အင်တာနက် တွင် ပြန့်နှံ့နေသော်လည်း ဂျီးဇက် ကမူ ၎င်းတို့သည် မိတ်ဆွေများ သာဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ပြီးခဲ့သော သတင်းပါတ် အတွင်းက ဂျီးဇက် ၏ ဖခင်က ၎င်း၏ သားနှင့် မက်ဒေါနား တို့သည် လက်ထပ်ရန် အစီအစဉ် ရှိကြောင်း ပြောကြား သွားခဲ့သေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here