ပျင်းရိစွာဖြင့် ကစားလေ့ရှိသည် ဆိုမှုအား ဘာဘာတော့ ငြင်းဆို

alt

မန်ချက်စတာ ယူနိုက်တက် အသင်း မှ ဘူဂေးရီးယား လက်ရွေးစင် ရှေ့တန်းလူ ဒီမီတာ ဘာဘာတော့ က ၎င်း၏ ကစားပုံမှာ ပျင်းရိနေသည့် ပုံစံမျိုး ဖြစ်ကြောင်း ဝေဖန်မှုများကို ငြင်းဆို သွားခဲ့သည်။

အသက် (၂၇) နှစ်ရှိ တိုက်စစ်မှူး က အင်တိုက်အားတိုက် မရှိသော ၎င်း၏ ကစားဟန်သည် ပျင်းရိနေခြင်း မဟုတ်ဘဲ ဘောလုံးကို သက်တောင့် သက်သာ နိုင်နိုင်နင်းနင်း ထိန်းချုပ် ကစားခြင်း သာဖြစ်ကြောင်း ဆင်ခြေပေး ပြောဆို လိုက်သည်။

ယခုနှစ် ဘောလုံးရာသီ အစပိုင်းက ပေါင် (၃၂) သန်း ဖြင့် တော့တင်ဟမ် ဟော့စပါး မှ မန်ချက်စတာ သို့ ပြောင်းရွှေ့ လာပြီးနောက် ခြေစွမ်း မပြနိုင်သဖြင့် ဝေဖန်မှုများ ကြံုတွေ့ နေရသူ ဘာဘာတော့ က ၎င်းသည် ကိုယ်ပိုင် အယူအဆ၊ ကိုယ်ပိုင် တိုက်စစ် ကစားဟန်ဖြင့် ဘောလုံး ကစားနေသူ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘာဘာတော့ သည် နောက်ပိုင်း ပွဲစဉ်များတွင် မန်ချက်စတာ ယူနိုက်တက် နည်းပြကြီး ဆာအလက် ဖာဂူဆန် ၏ အရံခုံ တွင် ထားရှိမှု နှင့် ကြံုနေ ရသော်လည်း စိတ်မပူမိဟု ပြောဆို သွားသည်။ ၎င်း၏ နည်းပြ အနေနှင့် အသင်းကစားကွက် အတွက် လိုအပ်သော လူစာရင်း ကို စိတ်ကြိုက် ရွေးချယ်မည်သာ ဖြစ်ကြောင်း၊ ထိုအတွက် စောဒက တက်စရာ အကြောင်း မရှိကြောင်း ဘာဘာတော့ က ဆိုသည်။

ထို့ အပြင် ၎င်းအနေနှင့် မေလ (၂၇) ရက်နေ့ က ပွဲတွင် ဘာစီလိုနာ နှင့် ယှဉ်ပြိုင်သည့် ချန်ပီယံလိဂ် ဖိုင်နယ် ပွဲတွင်လည်း ဒုတိယပိုင်း မှ သာ ပါ၀င်ခွင့် ရသွားပြီး၊ ဘာစီလိုနာ အသင်း အား ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့် ခဲ့ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here