သမတအိုဘားမား နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးလို ဟု အီရန် သမတ ပြော

alt

လာမည့် ရွေးကောက်ပွဲ ကာလအတွင်း ၎င်း အနေနှင့် သမတ အဖြစ် ပြန်လည် အရွေးခံရပါက အမေရိကန် သမတ ဘားရက် အိုဘားမား နှင့် မျက်နှာချင်း ဆိုင် ဆွေးနွေးပွဲ တစ်ခု ပြုလုပ် သွားလိုကြောင်း အီရန်နိုင်ငံ သမတ မိုဟာမွတ် အာမာဒီနီဂျတ် က ပြောကြား လိုက်သည်။

သမတကြီး က ၎င်းသည် ရွေးကောက်ပွဲ တွင် တကျော့ပြန် အောင်ပွဲ ဆင်နိုင်မည်ဟု ယုံကြည် နေပြီး စက်တင်ဘာလ အတွင်း ကျင်းပ ပြုလုပ်မည့် ကုလသမဂ္ဂ အစည်းအဝေး တွင် အိုဘားမား နှင့် ကမာ္ဘ့ရေးရာများ ဆွေးနွေး သွားခွင့်ရရှိ နိုုင်လိမ့်မည်ဟု မျှော်လင့်ထားပုံ ရချေသည်။

သို့သော်လည်း အဆိုပါ ဆွေးနွေးမှု အတွင်း အီရန် ၏ အနုမြူ စီမံကိန်း အား ထည့်သွင်းရန် ခွင့်ပြုမည် မဟုတ်ဟု အာမာဒီနီဂျတ် ကဆိုသည်။ အမေရိကန် သမတ သည် အဆိုပါ ကိစ္စအတွက် အီရန်နိုင်ငံ နှင့် ညှိုနှိုင်း သွားလိုကြောင်း မတ်လ အတွင်း က ပြောကြား ထားသည်။ နိုင်ငံခြား သတင်းထောက်များ နှင့် တွေ့ဆုံ မေးမြန်းပွဲ တွင် အာမာဒီနီဂျတ် က အီရန်၏ မဟာဗြူဟာမြောက် အနုမြူ ထုတ်လုပ်ရေး နှင့် ယူရေနီယမ် သန့်စင်ရေး တို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတည်ပြု ခဲ့သည်။

တီဟီရန် တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ အတွင်း အာမာဒီနီဂျတ် က ၎င်းသည် အနုမြူ စီမံကိန်းကို တားဆီးမှု မှလွဲပြီး မည်သည့် ကိစ္စကိုမဆို ဆွေးနွေးရန် အသင့်ရှိနေကြောင်း ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here