OLED တီဗွီများ ပေါ်ထွန်းလာဦးမည်

alt

ပညာရှင်များ က အနာဂတ် ကာလ TV များတွင် OLED နည်းပညာကိုသာ အသုံးပြု သွားဖွယ် ရှိကြောင်း သုံးသပ် ခဲ့ကြ သည်။

Sony သည် (၁၁) လက်မ အရွယ်ရှိ OLED နည်းပညာသုံး Bravia EXL TV ကို ယခုနှစ်အတွင်း စတင်ရောင်းချရန် စီစဉ်နေပြီး TV နည်းပညာလောက တော်လှန်ရေး တစ်ရပ် ဆင်နွှဲရန် ပထမ ခြေလှမ်း ကို စတင်လိုက်ပြီ ဖြစ်သည်။

OLED နည်းပညာဖြင့် ပြုလုပ်ထားသည့် TV များသည် ယခု လတ်တလော အသုံးများ နေသည့် LCD များထက် (၁၀) ဆထိ ကြည်လင် ပြတ်သားသော ပုံရိပ်များ ကို ပေးစွမ်းနိုင်သည်။ Sony အနေ နှင့် Bravia EXL ကို ဈေးနှုန်း (၃၄၈၉) ပေါင် သတ်မှတ် ထားပြီး (၂၀၁၀) ခုနှစ် မှ စကာ ပိုမို ကြီးမားသော OLED TV များ ကို ပေါင် (၅၀၀၀) ၀န်းကျင်ဖြင့် ရောင်းချ သွားနိုင်ရန် မျှော်လင့်ထားသည်။

မျက်နှာပြင် အထူ (၃) မီလီမီတာ သာရှိပြီး စွမ်းအင် သုံးစွဲမှုသည် သာမန်ထက် (၄၀) ရာခိုင်နှုန်း လျော့နည်း စေမည့် OLED TV များ ထုတ်လုပ်နိုင်ရေး ဈေးကွက်ကို Sony နှင့် အပြိုင် Apple နှင့် Panasonic တို့ ကလည်း စိတ်ဝင်စား လျက်ရှိ နေသည်။

ပညာရှင်များက OLED နည်းပညာ ထွန်းကားလာမှု သည် အလွန် လျင်မြန်နိုင်ပြီး (၂၀၁၂) ခုနှစ် ၀န်းကျင်တွင် ကမာ္ဘ့နိုင်ငံ အတော်များများရှိ ဧည့်ခန်းများ အတွင်း OLED TV များ နေရာ ယူထားဖွယ် ရှိကြောင်း သုံးသပ် ပြောဆို ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here