နှစ် ၄၀ ကြာ ခေါင်းထဲ ရောက်နေသည့် ကျည်ဆန် ခွဲထုတ် ဖယ်ရှား

alt

နှစ်ပေါင်း (၄၀) ကျော် ကြာအောင် ခေါင်းထဲတွင် ရောက်နေသည့် ကျည်ဆန် ကြောင့် ခေါင်းကိုက် ဝေဒနာခံစား နေရသည့် တရုတ် အမျိုးသမီးကြီး ဟီဝမ်ယေး ၏ စိတ် မချမ်းမြေ့မှုများသည် ယခုအခါ ပပျောက် ကင်းစင်သွားပြီ ဖြစ်သည်။

မေလ အစောပိုင်းက တရုတ် ဆရာဝန်များ သည် အရှည် (၃.၃) စင်တီမီတာ ရှိ ကျည်ဆန် ကို ဟီ ၏ ခေါင်းထဲမှ အောင်မြင်စွာ ခွဲထုတ် ပေးနိုင်ခဲ့ပြီးနောက် ယခု သီတင်းပါတ် အတွင်း ဟီမှာ ဆေးရုံမှ ဆင်းသွားပြီ ဟု သိရှိရသည်။

(၁၉၇၈) ခုနှစ် အတွင်းက တရုတ် တပ်နီတော် နှင့် အတိုက်အခံများ ကြား ပေါ်ပေါက်ခဲ့သည့် တရုတ် ယဉ်ကျေးမှု တော်လှန်ရေး တိုက်ပွဲများ အတွင်း ဟီမှာ ခေါင်း တွင် သေနတ်မှန် ခဲ့ခြင်း ဖြစ်သည်။ သူမသည် ထို အကြောင်း ကို မသိခဲ့ဘဲ ခေါင်းကိုက် ဝေဒနာကို ကြိတ်မှိတ် ခံစားနေခဲ့ရပြီး (၁၉၈၇) ကျမှ ခေါင်းထဲ ကျည်ဆန် ရောက်နေကြောင်း သိရှိခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း ထိုစဉ်က ဆရာဝန်များ သည် အရဲစွန့်ပြီး ဦးခေါင်းကို မခွဲစိတ် ရဲသဖြင့် နောက်ထပ် (၃၁) နှစ်လုံးလုံး ခေါင်းကိုက် ဝေဒနာကို ဆက်လက် ခံစားနေခဲ့ ရတော့သည်။ ယခုတော့ အသက် (၆၅) နှစ်အရွယ် ဟီ သည် (၄၂) နှစ် လုံးလုံး သူမအား ခေါင်းကိုက်ဝေဒနာ စွဲကပ် စေခဲ့သည့် ကျည်ဆန်ကို အနိုင်ယူ လိုက်နိုင်ပြီ ဖြစ်သည်။

ချွမ်ဂျန်းမြို့ ဆေးရုံမှ ဆရာဝန်များသည် ဟီ ၏ ခေါင်း မှ ကျည်ဆန်ကို ဖယ်ထုတ် ပေးပြီးနောက် အလွန် ပျော်ရွှင်နေသည့် ဟီ က နောက်တစ်ကြိမ် ခေါင်းကိုက် ဝေဒနာကို ဘယ်တော့မှ ခံစားရတော့မည် မထင်ကြောင်း ၀မ်းသာအားရ ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here