NATO အဖွဲ့ ယာဉ်တန်း လမ်းဘေးဗုံး ပေါက်ကွဲမှုနှင့် ကြုံတွေ့ရ

alt

အာဖဂန်နစ္စတန် နိုင်ငံတွင် NATO အဖွဲ့မှ ဦးဆောင်သော နို်င်ငံတကာ လုံခြံုရေး တပ်ဖွဲ့များ စီးနင်း လိုက်ပါလာသော ယာဉ်တန်း သည် လမ်းဘေးဗုံး ပေါက်ကွဲမှု တစ်ခု နှင့် ကြံုတွေ့ရပြီးနောက် စစ်သား (၃)ဦး သေဆုံး သွားကြောင်း သိရှိရသည်။

မေလ (၂၆) ရက်နေ့ နံနက်ပိုင်း က မြို့တော် ကဘူး မှ မြောက်ဘက် ကီလိုမီတာ (၆၀) အကွာရှိ ကာပီဆာ တွင် ဗုံးကွဲမှု ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အစောပိုင်း က ဗုံးပေါက်ကွဲမှု သည် အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် ဟု သတင်း ထွက်ပေါ် ခဲ့သေးသော်လည်း လမ်းဘေးတွင် ထောင်ထားသော ဗုံးတစ်လုံး ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း နောက်ပိုင်းတွင် အတည်ပြု နိုင်ခဲ့သည်။

ယခု ဗုံးကြောင့် သေဆုံးသူ အရေအတွက်ကို အာဖဂန် ပြည်ထဲရေး ၀န်ကြီး ဌာနက ဖော်ပြ ခဲ့သော်လည်း မည်သည့် နိုင်ငံသားများ ဖြစ်ကြောင်း ကို အသေးစိတ် မပြောကြား ခဲ့သေးချေ။ ကာပီဆာ တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ရည်ရွယ်ချက် ဖြင့် လာရောက် တပ်စွဲ ထားသည့် နိုင်ငံတကာတပ်ဖွဲ့ အများအပြား ရှိပြီး အများစု သည် ပြင်သစ်များ ဖြစ်ကြသည်။

ပြီးခဲ့သော နှစ်ကုန်ပိုင်း မှ စပြီး အမေရိကန် ဦးဆောင်သော နိုင်ငံတကာ တပ်ဖွဲ့များ အား တာလီဘန် တို့က လက်တုန့်ပြန် တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန် လာခဲ့ကြောင်း သတင်းများ တွင် ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here