အိနိ္ဒယ နှင့် ဘင်္ဂလားဒေ့ရှ် တွင် Aila ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်

alt

ဆိုင်ကလုန်း မုန်တိုင်း Aila သည် အိနိ္ဒယ နိုင်ငံ ကာလကတ္တား မြို့တော် ကို ဦးတည်ကာ ကုန်းတွင်း ၀င်ရောက်မည် ဟု မိုးလေဝသ ကျွမ်းကျင်သူများ က ပြောကြား လိုက်သည်။

အိန္ဒိယ သမုဒ္ဒရာတွင် ဖြစ်ပေါ်ခဲ့သည့် အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများ တွင် ပျက်စီး ဆုံးရှုံးမှု အများဆုံး ကြံုတွေ့ခဲ့ပြီး ကာလကတ္တားမြို့ အနီး ၀န်းကျင် ဒေသများ တွင် အဆိုးရွားဆုံး ထိခိုက်ပျက်ဆီး နေကြောင်း သိရသည်။

မုန်တိုင်းကြောင့် ဓာတ်တိုင်များ၊ သစ်ပင်များ ကျိုးကျ ခဲ့သလို လူ သေဆုံးမှု မှာလည်း (၄၀) ထက်မနည်း မြင့်တက် လာနေပြီ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် ရေကြောင်းထိန်းသိမ်းရေး တာဝန်ရှိသူများ က ပင်လယ်ထဲ ငါးဖမ်း ထွက်သွားသူ ရေလုပ်သား (၁၀၀၀) ခန့် ပျောက်ဆုံး နေကြောင်း အတည်ပြု ခဲ့သည်။ ကမ်းခြေ ဒေသများ တွင် နေထိုင်သူများ သည် ဘေးလွတ်ရာ ကုန်းတွင်း ဒေသများ သို့ ကြိုတင် ရွှေ့ပြောင်း ထားပြီးနောက် ကမ်းစပ်ရွာ အတော်များများ သည် လှိုင်းလုံးများ အောက်တွင် ပျက်စီး ကုန်ကြောင်း သိရသည်။

တစ်နာရီ (၇၅) မိုင်နှုန်းထိ တိုက်ခတ်နေသော Aila ကြောင့် (၁၀) ပေထိမြင့်သော လှိုင်းလုံးကြီးများ ဖြစ်ပေါ် နေသလို အလွန်အကျွံ မိုးသည်းထန်မှု ကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နေကြောင်း လည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here