ဒေါ်စု အား ချက်ချင်းလွှတ်ရန် သမတ အိုဘားမား တောင်းဆို

alt

အမေရိကန် သမတ ဘရက်ခ် အိုဘားမား (Barack Obama) က နေအိမ် အကျယ်ချုပ် နှင့် ကန့်သတ်မိန့် ကို ချိုးဖောက်သည်ဟု ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင် ရုံးတင် စစ်ဆေးမှုတွေ ဟာ

အခြေအမြစ် မရှိကြောင်း၊ အခုလို ဆက်လက် ဖမ်းဆီး ထိန်းသိမ်း ထားတဲ့ အတွက် မြန်မာ စစ်အစိုးရ ကို အမေရိကန် သမတကြီး အိုဘားမား က ရှုတ်ချကြောင်း အင်္ဂါနေ့ က အိမ်ဖြူတော် မှနေ၍ ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ကြောင်း သိရှိ ရပါသည်။

အိမ်ဖြူတော် ကနေ ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာ မြန်မာ စစ်အစိုးရ အနေနှင့် မိမိ ထုတ်ပြန်ထားသော ဥပဒေများ၊ မိမိ၏ ပြည်သူ လူထုများအတွက် လေးစား တန်ဖိုးထား လိုက်နာ သင့်ကြောင်း ဆက်လက် ဖေါ်ပြ ထားကြောင်းလည်း ထပ်ဆင့် ရေးသားထားသည်ကို သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် ခြံဝင်းထဲကို ၀င်ရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံသား ဂျွန် ၀ီလျမ် ယက်ထော (John William Yettaw)  ကို နေအိမ်မှာ လက်ခံ ခွင့်ပြုခဲ့ခြင်းကြောင့်၊ တားမြစ်ထားတဲ့ ကန့်သတ် အမိန့်ကို ချိုးဖောက်ခြင်းဟု ဆိုကာ မေလ အစောပိုင်းထဲ ကပင် ဒေါ်အောင်ဆန်းစုကြည် ကို ရုံးတင် စစ်ဆေးနေတာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ညနေထုတ် သတင်းများတွင် ဖေါ်ပြထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here