မြောက်ကိုရီးယား၌ အနုမြူဗုံး စမ်းသပ်ခဲ့

alt

မေလ (၂၅) ရက်နေ့က မြောက်ကိုရီးယား နိုင်ငံက အနုမြူ ဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲ လိုက်ခြင်းကြောင့် အမေရိကန်၊ ဗြိတိန် စသည့် နိုင်ငံများ က အပြင်းအထန် ရှုတ်ချမှုများ ပြုလုပ် ခဲ့သည်။

နိုင်ငံ၏ မြောက်ဖက်ပိုင်း ဒေသ မြေအောက်ဘက် တွင် အနုမြူဗုံး စမ်းသပ် ဖောက်ခွဲမှု တစ်ခု ပြုလုပ် ခဲ့ကြောင်း မြောက် ကိုရီးယား အစိုးရ သတင်းဌာန က အတည်ပြု ကြေညာ လိုက်ပြီးနောက် တောင် ကိုရီးယားနိုင်ငံ ဒေသ အသီးသီးတွင် မြောက် ကိုရီးယား ၏ လက်နက် အင်အား တိုးချဲ့သော အပြုအမူ ကို ကန့်ကွက် ရှုတ်ချသော ဆန္ဒပြပွဲများ ပေါ်ထွန်း လာခဲ့သည်။

အမေရိကန် သမတ ဘာရတ် အိုဘားမား နှင့် ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း တို့က မြောက်ကိုရီးယား ၏ အနုမြူ စမ်းသပ်မှုသည် ကမာ္ဘကို ခြိမ်းခြောက် လိုက်ခြင်း ဖြစ်ကြောင်း ပြောဆို သွားခဲ့ကြပြီး၊ မေလ (၂၅) ရက်နေ့ အနုမြူဗုံး စမ်းသပ် ဖောက်ခွဲမှုကြောင့် အင်အား (၅.၃) ရှိသော ငလျင်ကြီး တစ်ခု လှုပ်ခတ် သွားခဲ့သောကြောင့် အိမ်နီးချင်း တရုတ် နိုင်ငံ ၏ နယ်စပ် ဒေသများ တွင် ထိတ်လန့်တကြား ဖြစ်ခဲ့ ရသေး သည်။

မြောက် ကိုရီးယားနိုင်ငံသည် (၂၀၀၆) ခုနှစ် အတွင်းကလည်း အနုမြူ ဗုံးတစ်လုံး စမ်းသပ် ဖောက်ခွဲ ခဲ့သေးသော်လည်း ယခု ဗုံးသည် အဆ (၂၀) မျှ ပိုမို ပြင်းထန်လာပြီး ဒုတိယ ကမာ္ဘစစ် အတွင်း အမေရိကန် က ဂျပန်နိုင်ငံ၊ ဟီယိုရှီးမား မြို့ ပေါ်သို့ ကြဲချ လိုက်သော ဗုံး နှင့် ပမာဏတူမျှ ပြင်းအား ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here