Nokia မော်ဒယ်လ်သစ် ထုတ်ဦးမည်

alt

ဖင်လန် နိုင်ငံတွင် အခြေစိုက်သည့် ကမာ္ဘ့အကြီးဆုံး မိုဘိုင်းလ်ဖုန်း လုပ်ငန်းကြီး Nokia သည် အင်တာနက် အသုံးချမှု အတွက် ပိုမို ကောင်းမွန်အောင် စီစဉ် ထားသည့် Nokia Rover N900 ဖုန်းအား လာမည့် နွေရာသီတွင် ထုတ်ဝေ ရောင်းချ တော့မည် ဖြစ်သည်။

Maemo 5 SDK ဟု အမည်ပေးထားသော အဆိုပါ မိုဘိုင်းလ်ဖုန်း ကို ယခုအခါ Beta အဆင့်ဖြင့် စမ်းသပ် သုံးစွဲမှုများ စတင် နေပြီဟု သိရသည်။ အမေရိကန်တွင် N900 အား ဇူလိုင်လ အတွင်း စတင်ဖြန့်ချီရန် စီစဉ်နေပြီး ဥရောပတွင် မူ အောက်တိုဘာလ ကျမှသာ စတင် အသုံးပြု နိုင်ဖွယ် ရှိကြောင်း သိရသည်။

အာရှ နှင့် အရှေ့အလယ်ပိုင်း ဒေသတွင်မူ ယခုနှစ် နွေရာသီ ကာလအတွင်း T Mobile ၏ အကူအညီဖြင့် ဖြန့်ဖြူး သွားမည် ဖြစ်သည်။ 3G/HSDPA ကွန်ယက် အတွက် အသုံးပြုနိုင်မည့် N900 တွင် (၄.၁) လက်မ အကျယ်ရှိ Screen ပါရှိပြီး GPS၊ WiFi၊ accelerometer နှင့် LED Flash၊ Auto Focus စနစ်တို့ တပ်ဆင်ထားသည့် 5.0 Megapixel ကင်မရာတို့ ပါ၀င်သည်။

OS ကို အကောင်းဆုံး ထောက်ပံ့ပြီး Run လုပ်နိုင်ရန် CPU 500 သို့မဟုတ် 600 MHz ကို တပ်ဆင်ထားပြီး Storage ပမာဏ 32GB တပ်ဆင်ပေးထားသည်။ (၁၈၀) ဂရမ် လေးသော အဆိုပါ မိုဘိုင်းလ်ဖုန်း တွင် တပ်ဆင်ထားသည့် ဘက်ထရီမှာ 1320 mAh ဖြစ်ပြီး ဈေးနှုန်း ကိုမူ အတိအကျ မသိရသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here