မက်ဆီကို မထိန်းနိုင်လျင် မန်ယူ ဒုက္ခရောက်နိုင်ဟု ပစ်ကေး ပြော

alt

ဘာစီလိုနာ နောက်တန်းလူ ဂျာရတ် ပစ်ကေး က ၎င်း၏ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက် မှ ကစားသမား များအား လီယွန်နယ် မက်ဆီ ကို မထိန်းနိုင်ပါက ရလဒ်ဆိုးများ ကြံုတွေ့ ရမည် ဖြစ်ကြောင်း သတိပေး ခြိမ်းခြောက် လိုက်သည်။

အသက် (၂၂) နှစ်အရွယ် စပိန် လက်ရွေးစင် ခံစစ်မှူးသည် ယခုနှစ် ဘောလုံးရာသီ အစက မှ မန်ချက်စတာ ကိုစွန့်ခွာပြီး ဘာစီလိုနာ သို့ ရောက်ရှိ လာသူ ဖြစ်သည်။

၎င်းသည် ကစားဖော်ဟောင်း များနှင့် မေလ (၂၇) ရက်နေ့တွင် ဥရောပ ချန်ပီယံလိဂ် သရဖူဘွဲ့ အတွက် အကြိတ်အနယ် ယှဉ်ပြိုင် ရတော့မည့် သူလည်း ဖြစ်သည်။ ပစ်ကေးက ဘာစီလိုနာ တိုက်စစ်မှူး အာဂျင်တီးနား လက်ရွေးစင် မက်ဆီအပေါ် အထင်တကြီး ရှိနေပြီး မက်ဆီသည် မန်ချက်စတာ အတွက် အိပ်မက်ဆိုးများကို သယ်ဆောင်လာ ပေးလိမ့်မည်ဟု ပြောဆိုခဲ့သည်။

မက်ဆီသည် အင်္ဂလန် အသင်းများ နှင့် ကြံုတွေ့ချိန်များတွင် ဂိုးသွင်းယူမှု အားနည်း ခဲ့သော်လည်း ပီကေး ကမူ အသက် (၂၁) နှစ်ရှိ တိုက်စစ်မှူးအား ယုံကြည် နေဆဲဖြစ်သည်။ ထို့အပြင် ၎င်းတို့ အနေနှင့် မန်ချက်စတာ အား အနိုင်ရမည်ဟု ပီကေးက မျှော်လင့်လျက် ရှိသည်။

မန်ချက်စတာ ခံစစ်မှူး ပက်ထရစ် အဲဗရာ ကမူ ၎င်းသည် ဗိုလ်လုပွဲတွင် မက်ဆီ အား မလှုပ်နိုင်အောင် ထိန်းချုပ် ထားမည်ဟု ကြွေးကြော် ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here