Linkin Park ၏ စတုတ္တ အယ်လ်ဘမ် စီစဉ်နေ

alt

Linkin Park အဖွဲ့၏ စတုတ္ထ အယ်လ်ဘမ် ကို စတင် စီစဉ်နေပြီ ဖြစ်ကြောင်း အဖွဲ့ဝင် တစ်ဦး ဖြစ်သည့် မိုက်ရှီနိုးဒါး က ပြောကြား လိုက်သည်။

Linkin Park သည် ဖျော်ဖြေပွဲ အခွေများကို ကြားညှပ် ဖြန့်ချီခဲ့သော်လည်း စတူဒီယို Version အနေနှင့် အယ်ဘမ် (၃) ခုသာ ဖြန့်ချီ ရသေးသည်။

အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယား ဒေသ မှ Rock အဖွဲ့၏ အဆိုတော်ဖြစ်သူ မိုက် က ယခုအခါတွင် ၎င်းတို့သည် သင့်တော်မည့် ထုတ်လုပ်သူ တစ်ဦးကို ရှာဖွေလျက် ရှိကြောင်း ပြောကြားလိုက်သည်။ အယ်လ်ဘမ် အတွက် စီစဉ်နေမှုမှာ အားရစရာ ကောင်းကြောင်း၊ သီချင်းပုဒ်ရေ တစ်ဝက်မျှ ကို ရွေးချယ်ပြီး ဖြစ်ကြောင်းလည်း မိုက် က ဆိုသည်။

မိုက် က အယ်လ်ဘမ်သစ် သည် (၂၀၁၀) ခုနှစ် အတွင်း ထွက်လာနိုင်ဖွယ် ရှိပြီး အဖွဲ့သား အားလုံး အားကြိုးမာန်တက် ကြိုးစား နေသည်ဟု Billboard သို့ ပြောဆို ခဲ့သည်။ အယ်လ်ဘမ် နှင့် ပတ်သက်သည့် အခြား အချက်အလက်များ အား မကြာမီ အသေးစိတ် ကြေညာသွားရန် စီစဉ် ထားကြောင်းလည်း အသက် (၃၂) နှစ်ရှိ အဆိုတော် က ပြောကြားခဲ့သည်။

Linkin Park သည် ကမာ္ဘကျော် အမျိုးသား Band တစ်ခုဖြစ်ပြီး Hybrid Theory အယ်လ်ဘမ် နှင့် နာမည်ကြီး လာသည့် Rock တေးဂီတအဖွဲ့ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here