အစာ မစားမီ ပန်းသီးတစ်လုံး ပုံမှန် စားသုံးခြင်းဖြင့် ကိုယ်အလေးချိန် လျှော့ချနိုင်

alt

အစာ မစားမီ (၁၅)မိနစ် အလိုတွင် ပန်းသီး တစ်လုံး ပုံမှန် စားပေးခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချ နိုင်ကြောင်း အမေရိကန် သုတေသီများ က ပြောကြား လိုက်သည်။

ပညာရှင်များသည် ယင်းလေ့လာမှု အတွက် စေတနာ့ ၀န်ထမ်း ပါ၀င်သူများကို (၂) စုခွဲလိုက်ပြီး တဖွဲ့ကို ပုံမှန် အစားအသောက် စားသုံးစေပြီး ကျန်တဖွဲ့့ ကိုမူ အစာမစားမီ ပန်းသီး တစ်လုံး (သို့မဟုတ်) ပန်းသီး ဖျော်ရည် တစ်ခွက် မှီဝဲ စေပြီး မှတ်တမ်းတင် ခဲ့ကြသည်။

ထို အလေ့အကျင့် ကို နေ့စဉ် ပြုလုပ် စေပြီးနောက် (၅) ပါတ် ကြာသော အခါ ပန်းသီး နေ့စဉ် စားသော အဖွဲ့သည် ကိုယ်အလေးချိန် လျော့နည်း လာသည်ကို သိသာ ထင်ရှားစွာ တွေ့ရှိ ခဲ့ကြသည်။ ယခုလို ဖြစ်ရခြင်းသည် ပန်းသီး က အစားအသောက်များတွင် ပါရှိသည့် ကယ်လိုရီ ပမာဏ ကို လျှော့ချ ပစ်လိုက် နိုင်သည့် ဂုဏ်သတ္တိ ရှိနေသောကြောင့်ဟု သုတေသီများက ရှင်းပြ ခဲ့ကြသည်။

အဆိုပါ တွေ့ရှိချက် ကို ဂျာမနီနိုင်ငံ မန်စတာတက္ကသိုလ် မှ ပညာရှင်များ ကလည်း အတည်ပြု ထောက်ခံ ခဲ့ကြသေးသည်။ ပန်းသီး တွင် ကယ်လိုရီကို ဖြတ်တောက် လျှော့ချ ပေးသည့် သဘာဝ စွမ်းအားများ ကိန်းအောင်း နေကြောင်း ဒေါက်တာ ပီတာရိုဒီဝဲလ် က ပြောကြားခဲ့ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းရေး အတွက် ပန်းသီး ပုံမှန်စားသည့် အလေ့အကျင့် ကို စွဲမြဲစွာ ပြုလုပ် သင့်ကြောင်း အကြံပြု ခဲ့သည်။

ကျွမ်းကျင်သူများ ၏ အဆိုအရ (၂၀၁၂) တွင် ဗြိတိန် သက်ကြီးပိုင်း (၃) ဦးအနက် (၁) ဦးသည် အဝလွန် နေသည့် အခြေအနေမျိုး ရှိနေနိုင်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here