ကွယ်လွန်သူ တောင်ကိုရီးယား သမတဟောင်းအား ပြည်သူ့ ဈာပနအဖြစ် ကျင်းပမည်

alt

ကွယ်လွန် သွားပြီ ဖြစ်သည့် တောင်ကိုရီးယား သမတဟောင်း ရိုမူးဟွမ် ၏ ဈာပနကို မိသားစု ဈာပန အဖြစ် မသတ်မှတ်ဘဲ ပြည်သူ့ ဈာပန အဖြစ် သတ်မှတ်ခဲ့ကြောင်း သမတဟောင်း ၏ မိသားစု က ထုတ်ဖော် ပြောဆိုလိုက်သည်။

ရို ၏ ဈာပန ကို နိုင်ငံတောင်ပိုင်းရှိ ၎င်း၏ မွေးရပ်မြေတွင် ကျင်းပရန် စီစဉ် ထားကြောင်း သိရသည်။ တောင်ကိုရီးယား အစိုးရ က ဈာပန အခမ်းအနား ကို ဆိုးလ် မြို့တော်တွင်သာ ကျင်းပရန် တောင်းဆိုခဲ့သော်လည်း မိသားစု က လက်မခံဘဲ မွေးရပ်မြေ သို့သာ ပို့ဆောင်ရန် ဆုံးဖြတ် စီစဉ်ခဲ့ကြသည်။

အစဉ်အလာ အရ ရို ၏ ခန္ဓာ ကိုယ်ကို (၇) ရက်ကြာ ထားရှိ ပြီးနောက် မြေမြှုပ် သဂြိုဟ်မှု ကို နိုင်ငံ တောင်ပိုင်းရှိ ရို ၏ မွေးရပ်မြေ ဘွန်ဂါ ကျေးရွာတွင် ပြုလုပ်နိုင်ရန် ကျန်ရစ်သူ မိသားစုက ဆုံးဖြတ် ခဲ့ကြသည်။ မေလ (၂၄) ရက်နေ့က ရို ၏ ဈာပနကို ပြည်သူ့ဈာပန အဖြစ် ကျင်းပခွင့် ပေးရန် ၎င်း၏ မိသားစု က သဘောတူညီ လိုက်ပြီးနောက် ဘွန်ဂါ တွင် ရောက်ရှိနေသော သမတဟောင်း အား ပြည်သူ အမြောက်အမြား က လာရောက် ဂါရဝ ပြုခဲ့ကြသည်။

ရိုသည် မေလ (၂၃) ရက်နေ့က ၎င်း၏ အိမ်အနီး တောင်စောင်းပေါ်မှ ခုန်ချကာ သေကြောင်း ကြံစည် သွားခဲ့ခြင်း ဖြစ်သည်။ ရို ၏ မိသားစုဝင် တစ်ဦးက သမတဟောင်း ၏ ရုပ်အလောင်း ကို ဂျီအွန်ဘွတ် ရဲတိုက်တွင် မြှုပ်နှံ သဂြင်္ိုဟ်ရန် လျာထားသော်လည်း အတိအကျ မသတ်မှတ် ရသေးဟု ဆိုသည်။ ရိုအား ဂါရဝပြုလုပ်ရန် ကိုရီးယား နိုင်ငံတဝှမ်းမှ ပြည်သူ (၁၃၀၀၀) ကျော်သည် ဘွန်ဂါ သို့ လာရောက် ခဲ့ကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here