မြောက် ကိုရီးယား ဒုံးကျည် စမ်းသပ်မှုအပြီး ကန်ဒေါ်လာ နှင့် ယူရို ငွေကြေး ပိုမို ခိုင်မာလာ

alt

မြောက် ကိုရီးယားနိုင်ငံက တာလတ်ပစ် ဒုံးကျည်တစင်း စမ်းသပ်ပစ်လွှတ် ခဲ့ပြီးနောက် ဂျပန်ယန်းငွေ တန်ဖိုးကျဆင်း လာပြီး အမေရိကန် ဒေါ်လာ နှင့် ဥရောပ ယူရို ငွေကြေး တို့ အနည်းငယ်မျှ ပိုမို ခိုင်မာ လာကြောင်း ယုံဟတ် သတင်းဌာန က သုံးသပ် ပြောကြားခဲ့သည်။

မြောက် ကိုရီးယား အစိုးရပိုင် သတင်း ဌာနက ပြီးခဲ့သည့် သီတင်းပါတ် အတွင်း နျူကလီးယား ထိပ်ဖူးများ တပ်ဆင်နိုင်မည့် တာလတ်ပစ် ဒုံးကျည်တစင်း ပစ်လွှတ်မှုမှာ အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း ကြေညာ ပြီးနောက် ဒေသတွင်း လုံခြံုမှုကို ခြိမ်းခြောက် စေနိုင်ခဲ့သဖြင့် ဂျပန်ယန်းငွေ တန်ဖိုး ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များ က သုံးသပ်ခဲ့သည်။

မြောက် ကိုရီးယား နှင့် ဂျပန် တို့သည် နိုင်ငံရေးအရ ဆန့်ကျင်ဘက် အနေအထားတွင် ရပ်တည်နေသော နိုင်ငံများ ဖြစ်ပြီး မြောက်ကိုရီးယား က စမ်းသပ်ခဲ့သော ဒုံးကျည်သည် ဂျပန်နိုင်ငံ တိုကျိုမြို့တော် နှင့် တောင် ကိုရီးယားနိုင်ငံ ဆိုးလ် မြို့တော်တို့ကို တိုက်ရိုက် ချေမှုန်းနိုင်မည့် အနေအထားတွင် ရှိနေပေသည်။

တိုကျို မြို့ရှိ ဆူမီတိုမို ဘဏ်လုပ်ငန်းစုကြီး မှ ဒုတိယ အထွေထွေမန်နေဂျာ ဖြစ်သူ အကီဖူမီ အူချင်ဒါး က မြောက် ကိုရီးယား၏ လက်နက် စမ်းသပ်မှုသည် ပထဝီ နိုင်ငံရေးအရပါ ခြိမ်းခြောက်မှုကြီး တခု ဖြစ်လာခဲ့ပြီး လူ အများအပြား က ယန်းငွေကို ထုတ်ရောင်းကြသဖြင့် ယခု ကဲ့သို့ ငွေကြေးတန်ဖိုး ကျဆင်း သွားခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here