ညီမဝမ်းကွဲ မင်္ဂလာဆောင်တွင် သတို့သမီးအရံ အဖြစ် ဘရစ်တနီ ဆောင်ရွက်

alt

မေလ (၂၃) ရက်နေ့က ဘရစ်တနီ စပီးယား သည် သူမ ၏ ညီမ ၀မ်းကွဲ တစ်ဦး လက်ထပ်ပွဲတွင် သတို့သမီး အရံအဖြစ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

လူဝီစီးယားနား ရှိ First United မက်သတစ် ဘုရားကျောင်းတွင် ကျင်းပ ပြုလုပ်သည့် ဘရစ်တနီ ၏ ညီမဝမ်းကွဲ လော်ရာလင်း ၏ လက်ထပ်ပွဲ အခမ်းအနား တွင် ဘရစ်တနီ နှင့် အတူ ညီမငယ် ဂျေမီလင်း စပီးယား ကပါ ဂုဏ်ထူးဆောင် သတို့သမီး အရံများ အဖြစ် ကူညီပါ၀င် ခဲ့ကြသည်။

အသက် (၂၈) နှစ်ရှိ Pop ဂီတ ကြယ်ပွင့် သည် သတို့သမီး အရံအဖြစ် ဆောင်ရွက် ပေးရသည် ကို ကျေနပ် ဂုဏ်ယူနေဟန် ရှိကြောင်း ရွှေပွဲလာ ဧည့်ပရိသတ်များ က ထင်ကြေး ပေးခဲ့ကြသည်။ သူမသည် ပရိသတ်အား ကြည်လင် ပြံုးရွှင်စွာ လိုက်လံနှုတ်ဆက် နေခဲ့ကြောင်း သိရှိရသည်။

မင်္ဂလာပွဲ တက်ရောက်ခဲ့သူ တစ်ဦးက ဘရစ်တနီသည် ခမ်းမအတွင်း အလွန် လှပနေခဲ့ကြောင်း၊ သူမသည် တည်ငြိမ်ပြီး အိန္ဒြေ အပြည့်နှင့် နှစ်လိုဖွယ် ရှိကြောင်း People မဂ္ဂဇင်းသို့ ပြောကြား ခဲ့သည်။ သို့သော်လည်း ဘရစ်တနီ ကမူ ထိုနေ့ ကပွဲတွင် အထင်ရှားဆုံး၊ အလှပဆုံး အမျိုးသမီး မှာ သတို့သမီးသာ ဖြစ်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here