အတ္တလန္တစ် အာကာသ လွန်းပျံယာဉ် ပြန်လည် ရောက်ရှိ

alt

(၁၃) ရက်ကြာ အာကာသ ခရီးစဉ် ပြီးဆုံးချိန်တွင် ဟာဘယ် နက္ခတ် တာရာကြည့် မှန်ပြောင်းကြီး အား သွားရောက် ပြုပြင်ခဲ့သည့် အတ္တလန္တစ် လွန်းပျံယာဉ် သည် မြေပြင်ပေါ် သို့ အောင်မြင်စွာ ပြန်လည် ဆင်းသက် နိုင်ခဲ့ပြီ ဖြစ်သည်။

မူလက ကနေဒီ အာကာသ စခန်းတွင် ဆင်းသက်ရန် စီစဉ် ထားသော်လည်း ရာသီဥတု ဆိုးရွားလှသဖြင့် ဖလော်ရီဒါရှိ အက်ဒွပ် လေတပ်စခန်း တွင် အာကာသယာဉ် ကို ပြန်လည် ဆင်းသက် ခဲ့ရသည်။ နာဆာ က အတ္တလန္တစ် ၏ အဆင်းခရီးသည် မေလ (၂၂) ရက်နေ့ ကတည်း က ဖြစ်လာရန် မျှော်လင့် ထားသော်လည်း ရာသီဥတု ကြမ်းတမ်း ပြင်းထန်မှုများကြောင့် မေလ (၂၄) ရက်နေ့ နံနက်ပိုင်း မှ သာ ဆင်းသက် နိုင်ခဲ့ကြောင်း ကြေညာ ခဲ့ပြီး အာကာသယာဉ် အတွင်းမှ ပညာရှင် (၇) ဦးလုံး အခြေအနေ ကောင်းမွန်ကြောင်း ပြောကြား ခဲ့သည်။

အာကာသယာဉ်မှူးများ သည် သက်တမ်း (၁၉) နှစ် ရှိပြီ ဖြစ်သော ဟာဘယ် မှန်ပြောင်းကြီး ၏ ယိုယွင်းမှုများ ကို ပြုပြင်ခဲ့သလို နောက်ထပ် နည်းပညာသစ် ကိရိယာများ ကိုလည်း တပ်ဆင် နိုင်ခဲ့သည်။ ထို လုပ်ငန်းများ အတွက် အာကာသထဲ တွင် (၅) ကြိမ် လမ်းလျှောက် ခဲ့ရကြောင်း နာဆာ က ဆိုသည်။

အက်ဒွပ် လေတပ် စခန်းတွင် ဆင်းသက် ရပ်နားခဲ့သည့် အတ္တလန္တာ လွန်းပျံယာဉ် ကို ကနေဒီ အာကာသ စခန်းသို့ သယ်ဆောင်သွားရန် အတွက် Boeing 747 ဂျက်လေယာဉ်ကြီး တစ်စင်းအား အသုံးချသွားမည် ဖြစ်ကြောင်းလည်း နာဆာ က ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here