Facebook အသုံးပြုခြင်းအား အီရန် အစိုးရ ပိတ်ပင်

alt

အီရန် အစိုးရ အာဏာပိုင်များ က နိုင်ငံ အတွင်း Facebook အသုံးပြုမှု ကို ပိတ်ပင် လိုက်ပြီ ဖြစ်သည်။

ကမာ္ဘကျော် Social Networking ၀ဘ်ဆိုဒ် ကို ရွေးကောက်ပွဲဝင် အဖွဲ့များက အသုံးပြု နေပြီး သမတ မိုဟာမွတ် အာမက်ဒီနီဂျတ် ကို အတိုက်အခံ ပြုလုပ်ရန် ကြံစည် နေသဖြင့် ယခုကဲ့သို့ ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

မေလ (၂၄) ရက်နေ့က ၀ါရှင်တန်ပို့စ် သတင်းစာကြီး တွင် အာမက်ဒီနီဂျတ် ၏ ပြိုင်ဘက် အတိုက်အခံ ခေါင်းဆောင် (၃) ဦးသည် Facebook ကို အသုံးပြုပြီး မဲဆွယ်မှု ၀ါဒဖြန့် Message များ ပေးပို့ခဲ့ကြောင်း ဖော်ပြထားသည်။ အီရန်နိုင်ငံ ရှီးယိုက် ခေါင်းဆောင် မိုဟာမက်အလီ အက်တာဟီ က ၎င်းသည် ရွေးကောက်ပွဲ နောက်ဆုံး အခြေအနေများ ကို ကြည့်ရှုရန် Facebook ကို ဖွင့်လိုက် သောအခါ ထိုဆိုဒ်အား Ban ထားကြောင်း တွေ့ရှိခဲ့ရသည်ဟု ထုတ်ဖော် ပြောဆိုသွားသည်။

ယခင် သမတဟောင်း တဦး လည်းဖြစ်ပြီး ယခု ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင် နေသည့် အက်တာဟီ က အစိုးရ အနေနှင့် Online မှတဆင့် ရွေးကောက်ပွဲ ဆိုင်ရာ လွတ်လပ်စွာ ပြောဆို ဆွေးနွေးမှုများ ကို မလိုလားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသွားသည်။ အက်တာဟီ က ၎င်း၏ Facebook Account တွင် မိတ်ဆွေ (၃၀၀၀) ကျော်ရှိကြောင်း ဆိုသည်။ ၎င်း နှင့် မိတ်ဆွေများ သည် Facebook ကို အသုံးပြုပြီး နိုင်ငံရေး အကြောင်းအရာများ လွတ်လပ်စွာ ဆွေးနွေး လေ့ရှိသော်လည်း ယခုအခါ အခက်ကြံု နေရကြောင်း အက်တာဟီ က ထုတ်ဖော် ပြောကြားလိုက်သည်။

အီရန်ရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ က ရွေးကောက်ပွဲ ကာလအတွင်း အနည်းဆုံး ၀ဘ်ဆိုဒ် (၁) ထက်မနည်းကို ပိတ်ဆို့ သွားရန် စီစဉ်ထားကြောင်း ယခင် ကတည်းကပင်  ကြေညာထားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here