ချစ်သက်သေပြသူ တရုတ် လူငယ် ရဲအဖွဲ့၏ စုံစမ်း မေးမြန်းခြင်း ခံရ

alt

တရုတ် လူငယ်တဦးသည် ၎င်း၏ ချစ်မေတ္တာ ကို ထူးထူးဆန်းဆန်း ထုတ်ဖော် ပြသချင်သဖြင့် ရဲများ ၏ စုံစမ်း မေးမြန်းမှုကို ခံလိုက် ရကြောင်း သိရှိရသည်။

တရုတ် နို်င်ငံ၊ ဘေဂျင်း မြို့တော်  ရှိ ဇီဂျီအန်း အရပ်တွင် နေထိုင်သည့် အသက် (၂၇) နှစ်ရှိ ယန် ဆိုသော လူငယ်တစ်ဦး သည် ချစ်သက်တမ်း (၄) လ ရှိပြီ ဖြစ်သော ချစ်သူအား မည်မျှ ချစ်မြတ်နိုးကြောင်း သက်သေပြ နိုင်ရန်အတွက် နှင်းဆီနီ ပန်းစည်း တစ်စည်းကို လက်မှကိုင်ပြီး မြစ်တစ်ခု ၏ အလယ်ထိ ရောက်အောင် လက်တဖက်တည်း ဖြင့် ကူးခတ် သွားခဲ့သည်။

မီတာ (၄၀) မျှ ကူးခတ် ပြီးနောက် မြစ်လယ်ရှိ ကျွန်းပေါ် မှ ဩဂတ်ရိုဒင် ရုပ်တု တွင် နာရီဝက်ခန့် ရပ်နားနေခဲ့ပြီး ရဲများ ရောက်ရှိ လာချိန်တွင် ၎င်းက ကျွန်းမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ကာ ၎င်း၏ ချစ်သူအား ခေါ်ပေးရန် တောင်းဆိုခဲ့သဖြင့် ဂျီလင်း အရပ် မှ ၀မ် ဆိုသော အသက် (၂၃) နှစ်အရွယ် အမျိုးသမီးလေး ကို ရဲများက ခေါ်ယူ ပေးခဲ့ရသည်။

၀မ် သည် တံတားပေါ် မှ တဆင့် ယန် အား လာရောက် ကြည့်ရှုခဲ့သော်လည်း ယန် ၏ လုပ်ရပ် ကို ချီးကျူးခဲ့ခြင်း အလျဉ်းမရှိပေ။ ယန်အား ရဲများက ခေါ်ယူမေးမြန်း ပြီးနောက် သတိပေး ပြောဆိုကာ ပြန်လွှတ် ပေးလိုက်ကြောင်း ဘေဂျင်းမှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here