အမေရိကန်၌ ရောဂါပိုး တွေ့ရှိသဖြင့် အမဲသားများ ပြန်လည် သိမ်းဆည်း

alt

အမေရိကန် နိုင်ငံ တွင် E Coli ခေါ် ရောဂါပိုးမွှား မျိုးစိတ်သစ် တမျိုး တွေ့ရှိပြီး နောက် ဈေးကွက်အတွင်း ဖြန့်ဖြူး ထားသော အမဲသားများအား အရေးပေါ် ပြန်လည် သိမ်းဆည်း ခဲ့ကြောင်း သိရသည်။

မေလ (၂၄) ရက်နေ့က အမေရိကန် ကျန်းမာရေး အာဏာပိုင်များက ဈေးကွက် အတွင်း ရောက်ရှိ နေသည့် အမဲသား ပေါင်ချိန် (၉၆၀၀၀) ကျော်ကို လိုက်လံ သိမ်းဆည်း ခဲ့သည်။ Valley Meats LLC က အမဲသားများ တွင် ဖော်ပြပါ E Coli များ ကပ်ငြိ နေကြောင်း ပြီးခဲ့သည့် သီတင်းပါတ် အတွင်း က တွေ့ရှိ ခဲ့ပြီးနောက် ယခုလို ပြန်လည် သိမ်းဆည်းမှုများ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

ထို E Coil ကြောင့် အိုဟိုင်းယိုတွင် နေထိုင်သူ (၃) ဦး နာမကျန်းမှုများ ဖြစ်ပွားကြောင်း စစ်ဆေး တွေ့ရှိပြီးနောက် အမေရိကန် အစားအသောက် နှင့် ဆေးဝါး စစ်ဆေးမှု အဖွဲ့ကြီးက အမဲသားများ ပြန်လည် သိမ်းယူရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။ ထို (၃) ဦးသည် အသက် (၃) နှစ်၊ (၂၄) နှစ်နှင့် (၇၁) နှစ် အသီးသီး ရှိကြသဖြင့် E Coli သည် အသက်အရွယ်မရွေး ထိခိုက် စေနိုင်ကြောင်း အမေရိကန်ရှိ ဆရာဝန်များ က ပြောကြား ခဲ့ကြသည်။

အဆိုပါ လူနာ (၃) ဦးလုံး ယခုအခါ ပြန်လည် ကျန်းမာလာပြီ ဖြစ်သော်လည်း ဈေးကွက် အတွင်းရှိ ပိုးမွှား ပြန့်နှံ့နေနို်င်သည့် အမဲသား အားလုံး ကို သိမ်းယူ သွားမည်ဟု သက်ဆိုင်ရာ က ကြေညာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here