ပရီးမီးယား သက်တမ်းရှည် နယူးကာဆယ် နှင့် မစ်ဒယ်ဘရိုတို့ တန်းဆင်း သွားရချေပြီ

alt

မေလ (၂၄) ရက်နေ့ က ယှဉ်ပြိုင် ကစားခဲ့သော ပရီးမီးယားလိဂ် ရာသီသိမ်း ပွဲစဉ်များ အပြီးတွင် နာမည်ကြီး နယူးကာဆယ် ယူနိုက်တက် နှင့် မစ်ဒယ်ဘရိုး အသင်း တို့သည် ပထမတန်းသို့ တန်းဆင်း သွားရပြီ ဖြစ်သည်။

ပွဲစဉ် (၃၈) တွင် နည်းပြ အလန်ရှီးယား ၏ နယူးကာဆယ် သည် အက်စတွန်ဗီလာ အား သရေကျရုံဖြင့် ပရီးမီးယားလိဂ် တွင် ဆက်လက် တင်ကျန်နေမည် ဖြစ်သော်လည်း ဒပ်ဖ် ၏ ကိုယ့်ဂိုး ကိုယ်သွင်းသော တဂိုးတည်း ဖြင့် အရေးနိမ့် ခဲ့ရချေသည်။

တဖက်တွင် ချန်ပီယံ ဖြစ်ပြီးသော မန်ချက်စတာ ယူနိုက်တက် က ဟူးစီးတီး ကို အရံ အင်အားဖြင့်ပင် အနိုင် ကစားပေးခဲ့သော်လည်း နယူးကာဆယ် က ဗီလာ ကို အရေးနိမ့် သဖြင့် ဟူးစီးတီးထက် အမှတ်တူ ဂိုးကွာခြားချက် အသာဖြင့် ပရီးမီးယားလိဂ် တွင် တင်ကျန်နေမည့် အခွင့်အရေး ကို လက်လွှတ် ခံလိုက်ရသည်။

ထို့ အတူပင် မစ်ဒယ်ဘရော့ သည် နောက်ဆုံး ပွဲကို အနိုင်ကစား နိုင်ပါက တန်းမဆင်း ရမည့် အခွင့်အရေး ရှိနေသော်လည်း ၀က်စ်ဟမ်း ယူနိုက်တက် အား (၂-၁) ဖြင့် အရေးနိမ့် ခဲ့သောကြောင့် ပထမတန်း သို့ နယူးကာဆယ်၊ ၀က်စ်ဘရွန်တို့ နှင့်အတူ ရောက်ရှိ သွားပြီ ဖြစ်သည်။

ပရီးမီးယားလိဂ် နောက်ဆုံးနေ့ တွင် ဟူးစီးတီး နှင့် ဆန်းဒါးလန်း တို့မှာ ရှုံးနိမ့်ခဲ့သည့်တိုင် ပရီးမီးယားလိဂ် တွင် ဆက်လက် ရှင်သန်ခွင့် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here