အမေရိကန် သံရုံး တာဝန်ခံ၊ စစ်အစိုး ပြည်ထဲရေး ဝန်ကြီး နှင့် တွေ့

alt

မေလ ၂၁ ရက် ည ရနာရီ မှာ အမေရိကန်သံရုံး ယာယီ တာဝန်ခံ Mr. Larry M.Dinger နှင့် အဖွဲ့သည် မြန်မာ စစ် အစိုး ရ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် မောင်ဦး၊ စစစ ညွန်ကြားရေးမှူး၊ လ.ဝ.က ညွန်ကြားရေးမှူး၊ ဒုတိယ ရဲချုပ်၊ ရုံးအဖွဲ့မှူး ဦးနေမျိုး တို့ နှင့် နေပြည်တော် တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း၊

ယနေ့ထုတ် မြန်မာ့ အလင်းတွင် ဖေါ်ပြပါ ရှိခဲ့သော်လည်း၊ ဆွေးနွေး ခဲ့သည့် အကြောင်းအရာများ နှင့် ပါတ်သက်၍ ထည့်သွင်း ရေးသား ထားခဲ့ခြင်း မရှိခဲ့ပေ။ ထို့အတူ အာဆီယံအဖွဲ့ ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန် ယူနေရသော ထိုင်း နိုင်ငံ မှ ၂၀၀၉ ခုနှစ် မေ ၁၈ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက် အား မြန်မာ စစ်အစိုးရ မှ အလေးအနက် ကန့်ကွက်ကြောင်း လည်း ပါရှိခဲ့သည်။

မြန်မာ့ အရေး လေ့လာနေသူများ ကတော့ ယခုလို တွေ့ဆုံမှု သည် မကြာခင် က အဖမ်းခံခဲ့ရပြီး၊ တရားရုံးတင် အမှုစွဲဆို ခံနေရသည့် အမေရိကန် နိုင်ငံသား ဂျွန်ယက်ထော ကိစ္စ နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ အရေးသာ တွေ့ဆုံ ဆွေးနွေး ကြခြင်းသာ ဖြစ်နိုင်ကြောင်း၊ အာဆီယံအဖွဲ့ ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူနေရသော ထိုင်းနိုင်ငံ ၏ အာဆီယံ အဖွဲ့ ကြေညာချက် သည်လည်း မြန်မာ စစ် အစိုးရ အတွက် ကမာ္ဘ့အလည်တွင် များစွာ အရှက်ရစေ ခဲ့၍ ယခုကဲ့သို့ ကန့်ကွက်ခဲ့ခြင်းသာ ဖြစ်နိုင်ကြောင်း၊ ယခုကဲ့သို့ မြန်မာ စစ်အစိုးရ မှ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း သည်လည်း၊ ယနေ့ စတင် ကျင်းပမည့် ၉ ကြိမ်မြောက် အာရှ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တွင် မြန်မာနိုင်ငံ ကိစ္စအား ထည့်သွင်း မဆွေးနွေးလိုစေသည့် အတွက် မြန်မာ နိုင်ငံ ၏ ပြည်တွင်းရေး ဟု ထုတ်ဖေါ် သတိပေး  ပြောဆို လိုက်ခြင်းသာ ဖြစ်ကြောင်း ပြောဆို ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here