ကင်နာဗာရိုး အသင်းဟောင်းသို့ ပြန်ရောက်

alt

ရီးရဲလ် မက်ဒရစ် အသင်း မှ နောက်တန်းလူ ဖေဘီယို ကင်နာဗာရိုး သည် ၎င်း၏ အသင်းဟောင်း ဂျူဗင်းတပ် သို့ ပြန်လည် ပြောင်းရွှေ့မှုမှာ အလုံးစုံ ပြီးမြောက် သွားပြီ ဖြစ်သည်။

အသက် (၃၅) နှစ်ရှိ အီတလီ လက်ရွေးစင် အသင်း ခေါင်းဆောင်ဟောင်း သည် လာမည့်နှစ် ဂျူဗင်းတပ် နောက်တန်းတွင် ပါ၀င် ကစားတော့မည် ဖြစ်ကြောင်း ကလပ် အသင်း ၀ဘ်ဆိုဒ် က ကြေညာ လိုက်သည်။

ကင်နာဗာရိုး သည် ကမာ္ဘ့အကောင်းဆုံး ဘောလုံးသမား ဆု ကိုလည်း ရရှိခဲ့ဖူးသူ ဖြစ်ပြီး (၂၀၀၆) ခုနှစ် အီတလီ ဘောလုံးလောက အရှုပ်တော်ပုံကြောင့် ဂျူဗင်းတပ် အသင်း တန်းဆင်းရချိန် တွင် အသင်းကို စွန့်ခွာပြီး စပိန်ထိပ်သီး ရီးရဲလ် သို့ ပြောင်းရွှေ့ သွားသောကြောင့် ဂျူဗင်းတပ် ပရိသတ်များ၏ မုန်းတီးမှု ကို ခံယူ ခဲ့ရသည်။

သို့သော်လည်း ကင်နာဗာရိုး က အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ပေးဆပ်ရင်း ပရိသတ်များ ၏ မုန်းတီးမှုကို ချေဖျက် နိုင်မည်ဟု ယုံကြည် ထားကြောင်း ပြောကြားခဲ့ပြီး ၎င်း အနေ နှင့် ဂျူဗင်းတပ် အသင်းအား (၄) နှစ်ဆက်တိုက် စကူဒက်တို ချန်ပီယံ အင်တာ မီလန်လက် မှ ဆုဖလား ကို လွှဲပြောင်း ရယူနိုင်ရန် အစွမ်းကုန် ကြိုးစား သွားမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here