Apple ၏ Touchscreen သုံး Mac Tablet

alt

ကမာ္ဘ့ပထမဆုံး Touchscreen နည်းပညာသုံး Notebook ဖြစ်လာဖွယ်ရှိသော Mac Tablet ကို (၂၀၁၀) ခုနှစ်တွင် စတင် ဖြန့်ဝေ မည် ဖြစ်ကြောင်း Apple က ကြေညာ လိုက်သည်။

အဆိုပါ Notebook တွင် Keyboard နှင့် Mouse တို့ကဲ့သို့ Control Device များ ပါ၀င် တော့မည် မဟုတ်ဘဲ လုပ်ဆောင်မှု အားလုံးကို အလျား (၁၀) လက်မ၊ အနံ (၇) လက်မရှိသော Display ပေါ်တွင် လက်ဖြင့် ဖိနှိပ်ရုံဖြင့် ခိုင်းစေ နိုင်မည် ဖြစ်သည်။ Apple က ထို Notebook တွင် Mac ကိုသာ Operation System အဖြစ် အသုံးပြုမည်ဖြစ်သော်လည်း Touchscreen နည်းပညာ နှင့် လိုက်လျော ညီထွေ ဖြစ်အောင် ပြုပြင်မှုများ ထည့်သွင်း ထားကြောင်း ပြောဆိုခဲ့သည်။ ထို Notebook သည် Apple မှ ထုတ်လုပ်သည့် iPod နှင့် iPhone တို့ကဲ့သို့ အသုံးပြုသူများ၏ စိတ်အာရုံကို ဆွဲဆောင်နိုင်မည်ဟုလည်း Appleက ယုံကြည် နေသည်။

အဆိုပါ Notebook သည် ဈေးနှုန်း အတိအကျ မသတ်မှတ် ရသေးသော်လည်း ဒေါ်လာ (၅၀၀) မှ (၇၀၀) အကြား ခန့် တွင် ကျသင့် ဖွယ်ရှိကြောင်း သိရသည်။ Apple က Tablet Notebook များသည် Touchscreen နည်းပညာ ၏ အမြင့်မားဆုံး အောင်မြင်မှု တစ်ခုအဖြစ် မော်ကွန်း တင်နိုင်မည် ဟု မျှော်လင့် ထားကြောင်း ကြေညာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here