စစ်အစိုးရ ၏ ကန့်ကွက်ချက် အပေါ် ထိုင်းမှ ပြန်လည် တုံ့ပြန်

alt

၉ ကြိမ်မြောက် အာရှ၊ ဥရောပ အစည်းဝေး ရာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Mr. Kasit Piromya က အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ၏ ကြေညာချက် အား ပြန်လည် ရုပ်သိမ်းရန် မလိုကြောင်း သတင်းထောက်များ သို့ ပြောဆိုခဲ့သည်။

အာဆီယံ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် န.အ.ဖ စစ်အစိုးရ ကတိ ပေးထားသော လာမည့် နှစ် ၂၀၁၀ တွင် အားလုံးပါဝင် နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရေး တို့ကို လိုလားကြောင်း ပြောဆိုလိုက်သည်။

ဤကဲ့သို့ အများလက်ခံ ပါဝင်သည့် ရွေးကောက်ပွဲ ဟူသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ပြီး၊ ကျင်းပသည့် အားလုံး လက်ခံနိုင်သော တရားဝင် ရွေးကောက်ပွဲ ဟု ဆိုလိုကြောင်း ပြောဆိုခဲ့ပြီး၊ ယင်းနေ့ ညနေပိုင်းတွင် မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း နှင့် တွေ့ဆုံမည် ဟု သတင်း ရရှိသည်။

ပြင်သစ်နိုင်ငံ၏ လူ့အခွင့်အရေး ၀န်ကြီး မစ္စက် ရာမာယပ် က ဒေါ်အောင်ဆန်းစုကြည် ကို အင်းစိန်ထောင်မှာ ဖမ်းဆီးထားရာ ကနေ အမြန်ဆုံး လွှတ်ပေးဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ တောင်းဆို နေကြတဲ့ အထဲ ပြင်သစ် အစိုးရ အနေ နဲ့ အပြည့်အဝ ပူးပေါင်း တောင်းဆိုနေပါတယ်၊ ဒီအခြေအနေ အပေါ်မှာ အာရှနိုင်ငံတွေက ပိုပြီးတော့ ဖိအားပေး လုပ်ဆောင်သင့်တယ်လို့ ပြောဆိုခဲ့ပြီး၊ “တရုတ်၊ ဂျပန်၊စင်္ကာပူ၊ ဖိလစ်ပိုင်၊ လာအို အစရှိတဲ့ မြန်မာ့ အိမ်နီးချင်း နို်င်ငံတွေ အနေနဲ့ ဒီကိစ္စမှာ အပြည့်အဝ ဖိအားပေး တိုက်တွန်းဖို့ လိုတယ်လို့ လဲ ထည့်သွင်း ပြောကြား ခဲ့သေးသည်။

သူမ အနေနှင့်လည်း မြန်မာ စစ်အစိုးရ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း နှင့် တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကိစ္စပြောဆိုမှာ ဖြစ်ကြောင်းဟု သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here