ကာရေဘီယန်ဒေသ တွင် အမ်မီဝိုင်းဟောက်စ် အိမ်ဝယ််မည်

alt

ဗြိတိသျှ အဆိုတော် အမ်မီဝိုင်းဟောက်စ် သည် ကာရေဘီယန် ဒေသတွင် အိမ်တလုံး ဝယ်ယူရန် စီစဉ် နေကြောင်း သိရသည်။

အသက် (၂၅) နှစ်ရှိပြီ ဖြစ်သည့် ဗြိတိန်သူ ဂရမ်မီ ဆုရှင် သည် စိန့်လူးဝစ်ကျွန်း မှ အိမ်တစ်လုံးအား ပေါင် (၃.၂) သန်း ဖြင့် ၀ယ်ယူ သွားရန် စုံစမ်းမှုများ ပြုလုပ်လျက် ရှိသည်။ အမ်မီ သည် ယမန် နှစ်အတွင်း က ဆရာဝန်များ ၏ ညွှန်ကြားမှုဖြင့် ကာရေဘီယန် သို့ အပန်းဖြေ ခရီး ထွက်ခဲ့ပြီးနောက် အဆိုပါ ဒေသကို အလွန် သဘောကျ နေခဲ့ သူ ဖြစ်သည်။ ယခုအခါ (၂.၅) ဧက ကျယ်ဝန်းသော မြေပေါ်တွင် ဆောက်လုပ် ထားသည့် ထို နေအိမ် သည် ကမ်းခြေ အနီး တည်ဆောက် ထားခြင်း ဖြစ်ပြီး အိပ်ခန်း (၆) ခန်း နှင့် ရေကူးကန် တို့ ပါ၀င်ကြောင်း သိရသည်။ သူမသည် ယခင်က ကာရေဘီယန် တွင် အဆိုပါ အိမ်ကဲ့သို့ ဇိမ်ခံ စံအိမ် တလုံး ကို ငှားရမ်း နေထိုင်ခဲ့သော်လည်း ယခုအခါတွင် အပန်းဖြေ စံအိမ်တစ်လုံး ကိုယ်ပိုင် ရှိလာချင်သည့် ဆန္ဒတစ်ခု ပြင်းပြင်း ပြပြ ဖြစ်ပေါ် နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

အမ်မီက သူမ အသက်အရွယ် ကြီးရင့် လာချိန်တွင် အကောင်းဆုံး လာရောက် အနားယူ အပန်းဖြေ နေနိုင်မည့် ဒေသ အဖြစ် ကာရေဘီယန် ကို မျက်စိ ကျကြောင်း၊ ကာရေဘီယံ သည် ကမာ္ဘပေါ် တွင် အလှပဆုံး နေရာ တစ်ခု ဖြစ်ကြောင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here